Loading...

Wednesday, October 18, 2006

မြန်မာ Blog တွေအကြောင်း

စိတ်အရမ်းကို ကုန်သွားလို့ မရေးတော့ဘူးလို့ စဉ်းစားထားတာ။ ပြန်ဖတ်မိတိုင်း စိတ်ထဲ မကျေနပ်နိုင်လို့ ဒီစာတွေကို ရေးရတော့မယ်။ အရင်ဆုံး mayvelous.com ဆိုတဲ့ Site က ဒီ post လေးကို အရင်သွားဖတ်ကြပေါ့ဗျာ။ ရင်ထဲ အရမ်းကို ဆို့သွားတယ်။ ဖတ်ပြီးပြီဆိုရင်တော့ သူတို့မှန်တယ်ထင်ရင်လဲ ကျွန်တော်ရေးတာတွေ ဆက်ဖတ်မနေပါနဲ့တော့။ ရှိပါစေတော့။

ကဲ ကျွန်တော် စ ရှင်းပါပြီ။

mayvelous ကပြောပါတယ်။
Another thing I notice about Myanmar blogs are 90% copy cats. I mean, give me a break, every single blogs have to use the same old black skin? 99% of them have a shout box in it. And do you have to use the same shout box application/code also? Some new blogs just copy the whole thing including shout box code so you can see the other blogger’s conversation on their blog as well. Also, must every single blog have to publish background music or Odoe or downloads just becos this senior/model blogger is doing so?

၉၀ ရာခိုင်နှုန်းတဲ့။ သုံးကောင်းသုံးပါ့မယ်။ ဒါပေမယ့် အဲ့လိုသုံးတာကြောင့် Copycat လေးတွေ ဖြစ်သွားကြသတဲ့လား။ အဲ့ဒီ အနက်ရောင် Template က Blogger ကပေးထားတာပါ။ အဲ့တာကို ကိုယ်ကြိုက်လို့ ကိုယ့်ယူသုံးပိုင်ခွင့်အရ ယူသုံးတာကို Copycat ဆိုတော့။ ဆေးခန်းသွားပြီး ကိုယ်ကြိုက်တဲ့ ဆရာဝန်နဲ့ပြတာပဲ တစ်ယောက်ထဲကို ၀ိုင်းပြလို့ Copycat ဖြစ်ပါသလား။

ကျွန်တော်ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်သလဲ။ ရှင်းပါတယ်။ ကျွန်တော် Blog သုံးခုလုံး ဒီအနက်ရောင် Template ပါပဲ။ ဘာလို့သုံးလဲ။ အနက်ရောင် နောက်ခံမှာ ပေါ်နေတဲ့ အဖြူရောင် မြန်မာစာလုံးတွေဟာ အရမ်းကို ဖတ်ရရှင်းလင်းပြီး ကြည်လင်နေပါတယ်။ နောက်ပြီး အနက်ရောင်က တည်ငြိမ်တဲ့ အရောင်မို့လို့ပါ။ ထားပါ။ ပြောတဲ့လူတွေလည်း ပြောခဲ့ကြပြီ။ ကိုယ့်ဟာကိုယ် သုံးတာကို အကျိုးအကြောင်း ကင်းမဲ့စွာ ဝေဖန်ပုတ်ခတ်အပြစ်တင်တာကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

Shoutbox ထည့်တာလည်း အပြစ်ပါတဲ့။ Cbox လို Shoutbox လေးတွေဟာ အရမ်းအသုံးဝင်ပါတယ်။ အဆင်ပြေပါတယ်။ Blogger တိုင်းလည်း သိပါတယ်။ ဒါပေမယ့် အဲ့လို ကိုယ်အဆင်ပြေအောင် ထည့်ထားမိတာလည်း အပြစ်တင်ခံရပါတယ်။ သုံးရအဆင်ပြေလွန်းတဲ့ Gmail ဟာ Myanmar Blogger တော်တော် များများမှာ ရှိနေကြတာ မဆန်းပါဘူး။ ကိုယ့်အတွက်အသုံးဝင်တဲ့ Online Service တစ်ခုကို Register လုပ်မိရင်လည်း လက်ရှိအနေအထားအရ ဝေဖန်ခံနိုင်ရပါတယ်။ တစ်ခု စဉ်းစားကြည့်ပါ။

"ဟေ့ကောင်... မင်းကွာ... ငါ Gmail သုံးတိုင်းလိုက်သုံးတယ်။ မရှက်ဘူးလား။" ဆိုရင် ခင်ဗျား ဘာပြန်ဖြေမတုန်း။

(သူများရဲ့ Shoutbox ကိုကူးလို့ ကာယကံရှင်မှာ ဘာယုတ်လျော့သွားလဲတော့ မစဉ်းစားမိဘူး။ သိပ်မကောင်းဘူးလို့တော့ စိတ်ထဲထင်တယ်။ ဒါပေမယ့် စာတစ်တန်ပေတစ်တန် ပြောစရာ မရှိဘူး။)

Odeo သုံးတာလည်း မချန်။ အပြောခံရပါတယ်။ Odeo အပြင် တခြားသုံးစရာရှိရင်လည်း လမ်းညွှန်ကြပါဦး။ လမ်းညွှန်ပြီးလို့ အားလုံးလိုက်သုံးတော့မှ "ဟင်.. ငါသုံးတာ အားလုံးလိုက်သုံးတယ်။ တော်ပြီ။ ငါမသုံးတော့ဘူး။" ဆိုရင်တော့ ကျွန်တော်တို့ ဘာမှ ပြောစရာမရှိပါဘူး။ မသုံးနဲ့ပေါ့။

အဲ့လို လူများစုကို ရက်ရက်စက်စက် ဝေဖန်ရှုတ်ချနေတာကို ကိုယ့်ဟာကိုယ် Senior Blogger ဒါမှမဟုတ် Model Blogger လို့ ယုံကြည်တဲ့ သူတစ်ချို့က ၀င်ထောက်ခံကြတယ်။ "ဒါမျိုးတွေ နောက်တက်ကလေးတွေ မလုပ်သင့်ဘူး။" ဆိုတဲ့ အထာတွေနဲ့ပေါ့။ မျှမျှတတ နေပေးကြပါဗျာ။ မစော်ကားချင်ဘူး။ လေးစားလို့ အမြဲလေ့လာနေတာ။ လိုက်မှတ်နေတာ။ အခုတော့ ကိုယ့်ကိုယ်ကို Role ချနေကြတယ်။ (မှတ်ချက်။ ဆက်လေးစားချင်ပါသေးတယ်။)

mayvelous က ထပ်ပြောပါတယ်။
Please be genuine, why do you have to continue copying what others do? Where is your originality? Where is your creativity? Where is your imagination? Where is your uniqueness? It’s very depressing to see clone blogs one after another. Myanmar blogs gene pool getting narrow. No wonder we are slow adapters. We can’t adjust ourselves fast enough with new medium but we tend to dwell on the same old habitual routine. Gosh I’m stunned.

Genuine ၊ Originality။ စာလုံးတွေ အရမ်းလှတယ်။ ဟုတ်ပါတယ်။ အဲ့တာတွေ အရေးကြီးပါတယ်။ ဘယ်လိုအရေးကြီးလည်းဆို ကိုယ်ရေးတဲ့ စာက ကိုယ့်စာ ဖြစ်ရပါ့မယ်။ ကိုယ့်စာမဟုတ်ရင် ရည်ညွှန်းရာကို တိတိကျကျ ပါအောင် ရေးပေးရပါမယ်။ "Blogging is theoratically writing a diary." ပါ။ "It's not about decoratinging the book you are writing in." ပါ။ Diary ရေးမယ်ဆိုရင် 2006 လို့ တပ်ထားတဲ့ (သူများတွေလဲ ၀ယ်တဲ့) အဖုံးအနက်ရောင်နဲ့ အစိုးရထုတ်စာအုပ်လေး ၀ယ်ရေးရင် ပြီးတာပါပဲ။ ဖတ်လို့ကောင်းအောင်ဆိုပြီး သူများ Diary ထဲက ကဗျာလေးတွေ ကူးမချရင်ပြီးတာပဲ။ Creativity နဲ့ Identity ကို ပြဖို့အတွက် ကိုယ့်ပုံကို ရှေ့ဆုံး စာမျက်နှာမှာ မဖြစ်မနေဆွဲရမယ်။ မဆွဲမနေရ ဆိုတာကတော့ ပေါကြောင်ကြောင်နိုင်လှပါတယ်ဗျာ။ Diary တစ်ခုဟာ Originality, Creativity, Imagination, နဲ့ Uniqueness တွေလိုအပ်မယ်ဆိုရင်တော့ အဲ့တာတွေဟာ ရေးတဲ့စာအတွက်ပဲ ဖြစ်မှာပါ။ ရေးတဲ့ စာအုပ်အတွက်တော့ မဟုတ်လောက်ပါဘူး။ (ကိုယ့်ဟာကိုယ် စာရွက်ဖြတ်စညှပ်စလေးတွေနဲ့ Unique မဖြစ်ဖြစ်အောင် စာအုပ်ချုပ်ပြီး Diary ရေးရမလိုဖြစ်နေပါတယ်။ Unique လည်းဖြစ်ချင်၊ ကိုယ့်ဟာကိုယ်မှ မပြင်နိုင်ဘူးဆိုရင်တော့ Blogger ကပေးတဲ့ Template တော့ ယူသုံး မနေနဲ့တော့။ သူများတွေလည်းသုံးမှာကိုး။)

တတိယတစ်ပိုဒ် ဆက်ကြရအောင်။
My 2cents: Be creative, let your imaginations go wild for once in a while, show off your artistic side, do change that black background and be colorful for god sake. Instead of yelling 80% nonsense in the shout boxes and utilize comment feature on particular topic/post to give your constructive feedback once in a while. Let your voice be heard in a proper way, in a great manner, with legitimate reasoning. And let your comment be resourceful and supportive for each other.

ကဲရှင်းပါပြီ။ Blog ရေးမယ်ဆိုရင် ကိုယ့်အနုပညာအရည်အသွေးကို မဖြစ်မနေ ဖေါ်ထုတ်နိုင်ရပါမယ်တဲ့။ ကိုယ့်နေ့စဉ်မှတ်တမ်းလေးပဲ ဖြစ်ဖြစ်၊ ကိုယ့်ရင်တွင်းခံစားချက်ကိုပဲ ဖြစ်ဖြစ် ရေးမယ်ဆိုရုံနဲ့တော့ မြန်မာ Blogger တွေ Blog ရေးမနေကြပါနဲ့တော့။ သြော်... Shoutbox ထဲမှာလည်း ပေါက်တက်ကရ လျှောက်မပြောပါနဲ့တဲ့။ အော်ခွင့်ပြုတဲ့သူနဲ့ အော်တဲ့သူနှစ်ယောက် ကျေနပ်နေတာတောင်...ကွာ။

(ငါက ဖြစ်စေချင်တာကို ပြောတာပါဆိုရင် Nonsense ဆိုတာမျိုးမသုံးရဘူးဗျ။) အပြုသဘောပိုဆန်သင့်တယ်။

ကဲ ဒါတွေပြောတာ ဘယ်သူတုန်း။ (သူ့ပြောပြချက်အရ) Web Developer ဆိုပဲ။ နင်တို့ငါလောက်မတတ်ရင် မလုပ်ကြနဲ့ဆိုပြီး အနှိမ်ခံလိုက်ရသလို ၀မ်းအရမ်းနည်းပါတယ်။ ကိုယ်ကျွမ်းကျင်ရာ ပညာရပ်မှာ သူတစ်ပါး ပါရမီနည်းတာကို အပြစ်တင်နေတော့ မရင့်ကျက်သလိုပါပဲ။ (နင်က ဘယ်လောက်ရင့်ကျက်လို့လဲ ဘာညာ... လာမမေးပါနဲ့ဗျာ။ ပိုမရင့်ကျက်ရာ ကျသွားလိမ့်မယ်။ ကျွန်တော်[တို့]ဟာ အစ်မထက် ပျမ်းမျှတော့ ငယ်ကြပါတယ်။)

----------------------------

ညီလင်းဆက် ပြောတာတွေကတော့ မြန်မာလူ့ဘောင်အရ အကုန်မှန်ပါတယ်။ (ကျွန်တော့်အမြင်အရ) တစ်ခုပဲ မှားတယ်။ သူ့ကိုသူ Senior/Model Blogger လို့ ယူဆပြီး mayvelous ပြောသမျှကို ထောက်ခံလိုက်တာပါပဲ။

ကျွန်တော်ထင်ပါတယ်။ မြန်မာ Blogger တွေ နှစ်ဖွဲ့ကွဲသွားနိုင်ပါတယ်။ စိတ်မကောင်းစရာပါပဲ။.....

ကျွန်တော့်ကို "မင်းလည်း အဆိုးမြင်ဝါဒီပဲ” လို့ ပြောမှာကို စောင့်မျှော်လျက်...

မောင်သန့်ဇင်
Singapore Polytechnic
Singapore

[Template ပြင်ဖို့ အချိန်လွတ်လေးတစ်ခုရပါစေ လို့ ဘုရားမှာ ဆုတောင်းနေပါတယ်။]

23 remarks:

NLS said...

ကျွန်တော် စီနီယာဘလော့ခ်ဂါလို့လည်း မပြောမိပါဘူး။ ကျွန်တော်က ကျွန်တော် နှစ်သက်တဲ့ ပိုစ့်ကို ထောက်ခံမိရုံနဲ့ ဆရာကြီးလုပ်တယ် ဖြစ်ရောလား။ ၀မ်းသာပါတယ်ဗျာ အမြင်တွေ သိရတာ။

CMS said...

အရောင်ကတော့ဗျာ ဘာရောင်သုံးသုံးပေါ့ဗျာ လွတ်လပ်ခွင့်ရှိပါတယ် အနက်ရောင်ကို ဘလော့မှာ တစ်ဦးတည်း မှတ်ပုံတင်ပြီး သုံးတဲ့လူ ၇ှိလို့လားဗျာ .. ၇ှင်းနေတာပဲ

Thant Zin said...

အစ်ကို...
မှန်တယ်ထင်လို့ ထောက်ခံတယ်ဆိုထဲက ကွှန်တော်တို့က စိတ်မကောင်းတော့ပါဘူးဗျာ... မမှန်တဲ့ အပြစ်တင်မှုတွေနဲ့တင် အစ်ကို မှားနေပါပြီ။

သေသေချာချာ စဉ်းစားပါ။ ကွှန်တော်တို့ နေရာကနေ စဉ်းစားကြည့်ပါ။ ဘာလို့ ဒီလောက်ဝိုင်း ပြောနေကြလဲ သုံးသပ်ကြည့်ပါ။

မင်းတို့အားလုံး မှားတာကွ.. လို့ ပြောဦးမလား အစ်ကို...

Thant Zin said...

အနည်းဆုံးတော့ မေ ပြောတာကို နည်းနည်းတော့ Offensive ဖြစ်တယ်လို့ ပြောနေကြပါတယ်။ အစ်ကိုက အဲ့တာကို လှိုက်လှိုက်လှဲလှဲထောက်ခံတယ်။ Cheers! လုပ်တယ်။

အစ်ကို.. နောက်တစ်ခေါက် သေသေချာချာ ထပ်စဉ်းစာပါဦး..

ပြည်စိုး said...

သူငယ်ချင်း မင်းပြောတာကို ငါလက်ခံတယ်.
ဒီလိုနေရာမျိုးမှာ အကြိုက်ချင်းတူတာ ဘာဖြစ်သလဲ..
သူများ Windows XP သုံးလို့ ငါမသုံးဘူး ME ဘဲ ပြန်သုံးတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ
ဘလော့ခ် မှာ သူများတွေ အနက်ရောင် နောက်ခံသုံးတိုင်း လိုက်မသုံး ရတော့ဘူး တဲ့လား
သီချင်းထည့်တာရော အပြစ်တဲ့လား။
ဟုတ်ပါတယ် ကိုညီလင်းဆက် ပြောသွားသလိုဘဲ လူတိုင်းက ကိုယ်သန်ရာကိုယ်လုပ်ကြတာပါ.
ဒါပေမယ့် ကိုယ်ကြိုက်လို့ သုံးတဲ့ ကိစ္စ ကို BE CREATIVE ဆိုတဲ့ စကားအပြောခံလိုက်ရမယ်ဆိုရင် တော့...
နောက်တစ်ခု
ရှောက်ဘောက် ဆားဗစ်သုံးရတာ တော်တော် အဆင်ပြေပါတယ်..
ကော်မန့်လို ကရိကထ များဘူး...
အဲဒါကြောင့် လူတော်တော်များက သဘောကျတယ်. သုံးတယ်.
အဲဒါ သူများသုံးလို့ မသုံးရတော့ဘူးတဲ့လား
SAME SHOUTBOX APPLICATION?
CBOX သုံးရတာ တခြား ရှောက်ဘောက်စ် တွေထက်
Reliable ပိုဖြစ်တယ်. ဥပမာ SHOUTMIX ဆိုရင် မကြာမကြာ
ဆာဗာဒေါင်းတယ်.. အဲဒီတော့ သူများကပိုကောင်း တဲ့ဆားဗစ် သုံးနေတဲ့အချိန်
ကိုယ်က သူများသုံးလို့ဆိုပြီး မသုံးဘဲ အခြား ဆားဗစ်တွေသုံးမလို့လား??
-------------------------------------------
ပြောတာတွေက မမှန်လို့မဟုတ်ပါဘူး
၁) အနက်ရောင် နောက်ခံသုံးတယ်
၂) ရှောက်ဘောက်ရှိတယ်
၃) ပျော်ရင် ပျော်တာရေးတယ်. စိတ်ညစ်ရင် စိတ်ညစ်တာ ရေးတယ်
၎) ဓာတ်ပုံတင်တယ်
၅) သီချင်းထဲ့တယ်
ကဲ အကုန်မှန်နေတာဘဲ..
ကိုညီလင်းဆက်ရေ Bandwidth ခိုးတာတော့
သူတို့ bandwidth Limit မကျော်ဘူးတော့ မခံစားရသေးလို့ပါ.
နောက်နားလည်လာမှာပါ.. အခုနောက်ပိုင်း ပို့တွေလိုဘဲ
NO HOTLINK PLEASE ဆိုတာဘဲထဲ့ပြီး ကြိုးစားနေတာဘဲ...
ဒါပေမယ့်ဗျာ be genuine? creactivity? imagination?
ဘယ်သူကများ (ကျန်းမာသောသူ) ရေကို Genuine ဖြစ်အောင်ဆိုပြီး
imagination ကောင်းကောင်းနဲ့ Creative ဖြစ်ပြီး နှာခေါင်းနဲ့ သောက်လို့တုန်း

-------------------------------------------
ထားပါတော့ဗျာ...
------------------------------------------
(သူငယ်ချင်း ရေ မင်းပြောသလိုဘဲ)
နင်တို့ငါလောက်မတတ်ရင် မလုပ်ကြနဲ့ဆိုပြီး အနှိမ်ခံလိုက်ရသလို ၀မ်းအရမ်းနည်းပါတယ်။
ကဲပါ သူငယ်ချင်းရာ ... ကိစ္စတစ် ခုကြောင်း ပြော ရင်တော့ Opponent က ၂ ဆိုတဲ့ ကိန်းဂဏန်း တော့
ရှိမှာဘဲလေ... " မြန်မာ Blogger တွေ ၂ ဖွဲ့ ကွဲသွား နိုင်တယ်" ဆိုတာတော့....
ငါကတော့ လူတစ်ယောက် ရဲ့ အမြင်နဲ့ အရေးအသား ကြောင့် အခုလိုမျိုး
စိတ်ဝမ်းကွဲ နေတာမြင်ရတော့ စိတ်မကောင်းဘူး
ဒါပေမယ့်...
(ကိုမျိုးကျော်ထွန်း ပြောခဲ့သည်များအား လက်ခံသည်)

ပြည်စိုး said...

my friend. sorry for long comment.

Kalvin said...

ခင်ဗျားကိုက Odeo တွေ Shoutbox တွေ သုံးတာကိုး။ ပြီးတော့ နောက်ခံအရောင်က အနက်ကြီး။ Code ကျပြန်တော့ Blogger ကပေးတဲ့ ဟာတွေ သုံးတာပဲ မဟုတ်လား။ အင်း .... ကျွန်တော်လဲ အဲဒီ Template ပဲ သုံးတာပဲ။ နောက်ပြီး ကျွန်တော့်လိုပဲ အလကားတင်လို့ ရလို့ Blogger မှာ တင်ထားတာပဲလား။ ခင်ဗျားထက်ဆိုးတာရှိသေးတယ် .. ကျွန်တော့်ဘလော့ဂ်မှာ ခုထိ UNICODE မသုံးဘဲ WinKalaw Font သုံးထားတာ။ ဒါများတွေ့ရင် ဘယ်လောက်ရာခိုင်နှုန်းက Font Embedding မသုံးတတ်ဘူးလို့ ပြောဦးမလဲမသိ။

LIN LET KYAL SIN said...

ဟုတ်ကဲ့ ဘာမှမတတ်ဘဲ ဒီဇိုင်းမဆွဲတတ် ကုဒ်တွေနားမလည်တော့ စမ်းတ၀ါးဝါးေ၇းမိတဲ့ ပေ၇ာ်ဖက်ရှင်နယ်မဟုတ်သော မလင်းလက်လည်း ကန်တော့ပွဲနဲ့တောင်းပန်ပါတယ်လို့ မမဘုရားကိုပြောလိုက်မှထင်တယ်…

kgygei said...

အိလဲအခုမှဘလော့ဂ်စရေးမလို့ဒါ
တွေမြင်လိုက်ရတာစိတ်တောင်လေသွားပြီ။အိ
ကဘာမှသိဘူး။ကိုညီလင်းဆက်ရဲ့ပေဂ်ျ
ကမှတ်သားပြီးလျှောက်လုပ်
မိတာပါ။ခုတော့ဘလော့ဂ်လေးကိုဘယ်သူမှ
ဘယ်သူ့မှတောင်မပြရဲတော့ဘူး
ဘာဆိုဘာမှမသိပါဘူး
ဘလော့ဂ်လေးအရမ်းရေးချင်လာလို့
ရမ်းရမ်းနဲ့လျှောက်ရေးပြီးတော့
မြန်မာလိုမှပေါ်ရဲ့လားတောင်
စိတ်ထင့်ထင့်နဲ့ကြောက်နေရတာပါဗျာ

Thant Zin said...

ကိုညီလင်းဆက်က ပြောပါတယ်။ သူကိုယ့်သူ စီနီယာလို့ ဘယ်တုံးကမှ မပြောပါဘူးတဲ့။ သူလည်းပဲ အားလုံးသုံးတဲ့ အနက်ရောင်ကို သုံးထားတာလေ... ဒါပေမယ့် သူက သူဟာ ၉ ၀ ရာနှုန်းထဲမှာ ငါမပါဘူးရယ်လို့ ဘာကြောင့် သေချာသွားရတာလဲ... ချောင်ပိတ်ပြီးမေးသလိုဖြစ်သွားရင်တော့ ၀မ်းနည်းပါတယ်....

Anonymous said...

မင်းတို့  ဘလော့ဂါတွေ ငါမကယ် သေဖွယ်သာရှိတော့ သကိုး။ ညံ့ချက် ညံ့ချက်။ ဟိုလိုလုပ်ကွဲ့ ။ ဒီလိုလုပ်ကွ။ ဗမာတွေကိုက ထုံတာပါ။ နိုင်ငံတကာမှာ ဒီလို ဟုတ်ဘူးကွဲ့ ။ ဒို့ ဆီမှာ မင်းတို့ ထက်မြင့်တယ်။ ခေါင်းသုံးကွဲ့ ။ ညဏ်မပါလာဘူးလား။ ပင်ကိုဗီဇကို ထုတ်ချေ။ ထုံပေပေ လုပ်မနေနဲ့ ။ ငါ့နှယ်နော်....

ထိုသို့  ထိုသို့  မပြောသွားတာကိုဘဲ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း။

Wut Yee Htike said...

hello thantzin,

NLS said that everyone can make what they want. so, i want to talk something that we are posting what we want in our own blog. we don't post thing what we want in other ppl blog. so, i want to ask NLS that the way he talks is really different with the way he post.
bye the way, if u see some mistakes, help me correct. ok?

Ravi said...

Blogging should be encouraged by Senior Bloggers. [Disclaimer: I am not a senior blogger]. Now regarding Mayvelous blog, there was a time when I liked her template. Even googled around and found which ones she was making use of. So if I actually apply those templates on my site, would I become a "copycat" too? Am I morally obliged not to use squible because another Burmese blogger has used this as well? After all the very author of those templates made it free and a good number of them are covered under the Creative Commons license. So we should instead redirect our thoughts towards some kind of "Commons" we can have for Burmese bloggers. Thant Zin's point that embeded bamar font looks better with white foreground and black background is very valid.

But I do congratulate Mayvelous for starting a ripple through the Burmese blogosphere. I was always disappointed not to see such lively cross commenting across the sites. Or have I missed some event that predates this? Ah! We have matured so much.

Wut Yee Htike said...

i have been thinking this topic start from this evening until now. now,i have answer why they post like that. first reason is if they post this topic, their blog will be popular and most people want to write comment. for comment, every blogger wants comment if i am not wrong. second thing is that they don't have any topics to post in their blogs. from my point of view,i want to conclude that they are not really mature. if they are really mature, they should be haapy cos most people use their styles. they are arrogant being their templates and their shoutboxes are quite different from other blogs. i don't think NLS's blog is interested (this is my point of view). i want to give an example. if someone like blue colour, why i cannot like that colour.it is really nonsense.if they want to be really unique, i want to advice that they shouldn't use microsoft programmes cos now, everyone is using these programmes. so, they should create new one and use their own one.

Anonymous said...

မှန်တာတွေသည် မှန်သည်။ မှားတာတွေ သည် မှားသည်။ မှန်တာတွေကို မှားတယ်လို့ ဘဘောထားလိုက်ရင် မှားတာတွေသည် မှန်သည် ဖြစ်သွားပြီး မှန်တာတွေသည် မှားသည်ဖြစ်သွားသည်။

နွားသည် မြက်ကို စားသည်။ ကျားသည် နွားကို စားသည်။ ထို့ ကြောင့် ကျားသည် မြက်ကို စားမိချင်လည်း စားမိမယ် မစားမိချင်လည်း မစားမိဘူး။ ဒါပေမဲ့ မြက်ကတော့ ကျားကို မစားဘူး။

Anonymous said...

There’s a group of lecturers who’re dictating what Myanmars should do or shouldn’t do. I don’t even visit their blogs. I though I was living in a free country but I’ve come to realize that I can never get away from some preachers. This is just a web log. Common! let me do whatever I want. Let me be a copy-cat, uncreative, clone blogger, whaterever!!

Anonymous said...

I think they just want to be popular and trying to attrack more readers. I don't have respect on wannabies who put down on their own ppl. "Myanmar blogs are 90% copycat" ...so what???

myanmar.one said...

I have been blogging for some time and stumbled on this discussion and found out that many are making a fuss about nothing. For me my blogs are sort of diaries for different topics which you can share with ppl with the same interest. So keeping them current (sometimes by copying similar piece of information from the web) and adding own comments matter.

Blogger Lay said...

ကျွန်တော်ကတော့ ဘလော့ဂါလောကကို ရောက်တာသိပ်မကြာသေးဘူး။ အခုသွားရင်းလာရင်းနဲ့ ဒီ post ကို တွေ့လို့ comment ရေးချင်လာတာနဲ့ဝင်ရေးမိတာပါ။ ကိုညီလင်းဆက်ရဲ့ ဘလော့တွေကို ဖတ်ဖူးတယ်။ အခုမှပဲ ကိုညီက ဘာလို့ သူ့ ဘလော့မှာ အဲဒီ copy template တွေအကြောင်း ရေးရေးနေတာလဲဆိုတာ သဘောပေါက်တော့တယ်။
အင်း... ဟုတ်တော့ဟုတ်တယ်... ကိုညီလင်းဆက်က သူ့ကိုသူ senior blogger လို့ တစ်ခါမှ မပြောဖူးသေးဖူး။ သူ့ရဲ့ ဘလော့ တမ်းပလိပ်ကို ယူသုံးရင်လဲ သိပ်မကြိုက်ဖူး။ အင်းလေ... ဘယ်ကြိုက်ပါ့မလဲ။ သူ့ ဘလော့ကို အမြဲတမ်း maintain လုပ်နေတဲ့သူ ဆိုတော့။ Mayvelous ပြောတာတွေကတော့ မှန်တော့မှန်တယ်။ ဒါပေမယ့် သုံးထားတဲ့ အသုံးအနှုန်းလေးတွေက နဲနဲများ ပြင်းထန်သလားလို့နော်... အမ။ မြန်မာ blogger အချင်းချင်း အငြင်းပွားကာ အချင်းများနေမဲ့အစား... မရှိမဲ့ရှိမဲ့ မြန်မာ ဘလော့ဂါတွေ စည်းရုံးနေရင်ကောင်းမယ် ထင်တယ်နော်။ ဝေဖန်တာတော့ကောင်းပါတယ်။ တိုက်ခိုက်တာမျိုးတော့ မကောင်းဖူးထင်တယ်နော်။ အမ ရဲ့ post တွေကိုဖတ်ဖြစ်ပါတယ်။ တချို့ post တွေကို တော်တော်ကြိုက်တယ်။
အနက်ရောင် နောက်ခံမှာ အဖြူရောင်ဟာ အလွန်ပေါ်လွင်တယ်ဆိုတာ ကျွန်တော်လက်ခံတယ်။ ဒါပေမယ့် အဲဒီလိုပုံစံမျိုးသုံးတိုင်း copy တယ်လို့ ပြောလို့မရဘူး။ သူများ ကြိုးစားပမ်းစားလုပ်ထားတဲ့ post တွေ template တွေကို ၏သည်မရွေး ကူးချတာမျိုးကတော့ ဘလော့ဂါလောကမှာ လုံးဝ မရှိသင့်တဲ့ အနေအထားလို့ ကျွန်တော် မြင်တယ်ဗျာ။ ကျွန်တော်သုံးတဲ့ template ကတော့ ရိုးရိုးလေးပဲ။ blogger ကပေးတဲ့ template ကို နဲနဲ ပြင်ပြီး ယူသုံးထားတာပဲ။ အဲဒီလိုမျိုးသုံးရင်ရော copy သလို ဖြစ်နေမလား။

Anonymous said...

hinn..this case happened a month ago or more. But I've just read most of your comments now.

I do not understand that almost all of you have negative opinion to NLS & May.

I noticed that many mm bloggers use black screen. Why many ppl like black and black and black. It is very strange to me. And everybody who used black screen said we like black and white mm words are very beautiful with black screen. I accept it if a few persons said like that. But why too many?? And everybody who used black screen said we just used ready-made template not copy-cat. I do not know that every your belongings are in black color. But generally, mm ppl are hesitate to use black color outside.(eg you do not wear black color in wedding. you mom would tell you something if you are in all black color wears). But many of you think, you like black screen and chose it?? There are many colors and plenty of ready-made templates. You really do not like those different ones??

Dont you feel many of you have very similar pages/design after you chose black one??

you would say that content is king. So I'd like say that if you are a producer of one product, your product of sales are very less than others. And you may say, we are not selling products, we are not doing thesis, we are not doing bla bla..But wait, if you dont care this kinda small matter,then you would accustom not to care in important matters too.

And if you have confidence that you are not copy-cat, why do you feel sad or sorry? I do not understand. Some changed their template after this case. So , it means that they accepted they r copy-cat?? haa..I do not understand.

NLS & May or anybody did not tell you that you should be very skillful in designing template. They just said you all should have your own unique style(generally). That's all. You think, 'May' used very strong or offensive words?? I think, if Myanmar is opened, you would hear this kinda words from foreigners more and more if you do similar things just like this case.

If you think, their words are not correct, why you mind theirs and replied?? Just laugh!!that's all! right?

And why you think, mm beginner bloggers need encouragement from them?? you all are adult. So you should have strong will.You all need to prepare to face criticism too.

Do you think, you could not have freedom in blogsphere?? Who forced you not to do so?? You cannot write what you think in your blog?? I do not think so.

I would like to write more but I do not have time.

Please do not think that I hate you and I wrote this.

I do love you all. I read mm blogs as much as I know, whenever I have time. I really appreciated that some mm bloggers are doing very well.

But dont you agree that you need to rethink some matters sometime??

Wishing you all, be happy in blogging with your own style!!

Cheers!

minn said...

ဗမာမှာစာကားပုံတခု၇ှိတယ်။ မပြည့်တဲ့အိုးဟာဘောင်ဘင် ခတ်တယ်တယ်တဲ့။ ။ နောက်ပြီး ခွေးဟောင်တိုင်းသာ ထကြည့်ရရင် အိပ်ရေးပျက်ရုံပဲရှိမယ်တဲ့

Anonymous said...

sate pyat pa.

Anonymous said...

သားကတော့ဘိုလိုမတတ်လို့ မြန်မာလိုပဲပြောမယ်နော် သားလဲဘလော့ရေးတာမကြာသေးဘူး သားကြိုက်လို့ယူသုံးထားတာတွေအများကြီးပဲ ဆက်တောင်မရေးရဲတော့ဘူး သားဘလော့မှာ စီဘောက်လဲသုံးတယ် ပြီးတော့ template ကလဲသူများသုံးပြီးသားကြီး နောက်ပြီးသားဘလော့မှာ မြန်မာလိုရေးတာဗျ အဲဒါဒုက္ခပဲ ဟီးဟီး မြန်မာလိုပဲကောင်းကောင်းရေးတတ်တာလေ တခြားဘာသာနဲ့ပြောင်းရေးလို့တော့မပြောကြပါနဲ့နော်

Post a Comment