Loading...

Tuesday, March 25, 2008

လူတွေအကြောင်း (၆)

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က လူတွေအကြောင်း (၃) မှာ ကျွန်တော် ဆရာဝန်တစ်ယောက် အကြောင်း ပြောပြခဲ့ပါတယ်။ အဲ့ဒါ ကျွန်တော့် ဦးလေးပါ။

ဘာလို့လဲတော့ မသိဘူး။ ငယ်ငယ်တုန်းက သူကျွန်တော့်ကို ပြောပြောနေခဲ့တဲ့ စကားတွေ ကျွန်တော် တော်တော်နဲ့ မမေ့ဘူး။ သူပြောတာကလည်း အထူးအဆန်းလေးတွေ ဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း မှတ်မှတ်သားသား နားထောင်မိနေတာမျိုး ထင်ပါတယ်။


သူပြောတာ တစ်ခုဆိုရင် သူ့ဘ၀မှာ ပထမဆုံး Digital နာရီ စပတ်ခွင့် ရခဲ့တုန်းက သူ့နာရီလေးသွားနေတာကို သူ သုံးနာရီတိတိ ထိုင်ကြည့်နေခဲ့ဖူးသတဲ့။ =)

အယ်… နောက်တစ်ခုကတော့ ဆေးဘက်ဆိုင်ရာ ပါ။ သူပြောတဲ့ စကားအတိုင်း ပြန်ပြောရမယ်ဆိုရင်-

“မင်း အမြဲတမ်း သိနေတဲ့ ကိစ္စတစ်ခုကို… တစ်ယောက်ယောက်က မေးလာလို့ ပါးစပ်ဖျားလေးတင် မေ့နေတယ် ဆိုရင်... ဒေါသမထွက်နဲ့။

မင်း မေ့မေ့ပျောက်ပျောက် ထားလိုက်ပေမယ့်… နောက်တစ်နေ့ မင်းရေချိုးနေရင်း ရုတ်တရက် သတိပြန်ရချင် ရလာလိမ့်မယ်။ မင်းကသာ မစဉ်းစားတော့တာ။ ဦးနှောက်က သူလက်ခံထားတဲ့ အလုပ်ကို ပြီးအောင် လုပ်ပေးလိုက်တဲ့ သဘောပဲ”
တဲ့။

ကျွန်တော်တို့ ကြုံဖူးမှာပါနော်။

0 remarks:

Post a Comment