သီချင်း Download လုပ်ချင်လား။
လိုအပ်တဲ့ Software တွေက-
၁။ Safari Web Browser
၂။ FLVExtract
ကိုယ် download လုပ်ချင်တဲ့ သီချင်းကို YouTube မှာ Safari Browser သုံးပြီး ရှာပါ။

Safari မှာ အရမ်းကောင်းတဲ့ Tool တစ်ခုပါပါတယ်။ အဲ့တာကတော့ Activity လို့ခေါ်တဲ့ Tool ပါ။ သီချင်း Buffer ဆွဲနေတဲ့ အချိန် (အနီတန်းလေး ပေါ်နေတုန်း) မှာ Activity Tool ကို ခေါ်ပါ။ Shortcut က Ctrl+Alt+A ပါ။

ပြီးရင် Activity Tool မှာ MB နဲ့ချီပြီးရှိနေတဲ့ File တစ်ခုကို Safari က download လုပ်နေတာတွေ့မယ် ဆိုရင် အဲ့ဒီ List Item ကို double-click နှိပ်လိုက်။

နောက် Safari Browser Instance တစ်ခုတပ်လာပြီး URL ကို သူ့ဟာသူ ဖတ်ပြီးတဲ့အချိန်မှာ FLV ကို စ download လုပ်ပါလိမ့်မယ်။

Download ဆိုတဲ့ Box မှာ တက်နေတဲ့ Progress Bar အပြာလေး ပြည့်ပြီဆို Download လုပ်လို့ ပြီးပြီပေါ့။

Desktop ပေါ်မှာ flv ဆိုတဲ့ File လေးပေါ်လာလိမ့်မယ်။ Video အနေနဲ့ ကြည့်ချင်တယ် ဆိုရင်တော့ gomplayer.com ကနေ GOM Player ကို သုံးရင် FLV File အမျိုးအစားကို ဖွင့်ပေးနိုင်တယ်။
အမှန်တော့ FLV ဆိုတဲ့ File အမျိုးအစားဟာ အသံဖိုင်တမျိုးနဲ့ ရုပ်ဖိုင်တမျိုးမျိုးကို တွဲပြီး စေ့ပေးထားတဲ့ အခွံလေးပါ။ အဲ့ဒီတော့ အဲ့ဒီ အခွံလေးကို ခွာဖို့ ဒုတိယ Application ဖြစ်တဲ့ FLVExtract သုံးရပါမယ်။

အခုနက download လုပ်ထားတဲ့ FLV လေးကို အဲ့ဒီ FLVExtract ဆိုတဲ့ File ပေါ်ဆွဲတင်လိုက်ရုံနဲ့ အခွံလေးကွာသွားပါလိမ့်မယ်။ အယ်… ဒါပေမယ့် ပုံထဲမှာ တွေ့တဲ့အတိုင်း Video/Timecodes/Audio ဆိုပြီး ရှိပါတယ်။ (Video က အသံမပါတဲ့ ရုပ် File သက်သက်ပါ။) Audio ကို ရွေးပြီး FLV ဖိုင်ကို drag ဆွဲတင်လိုက်ရင် FLV က ငုံထားတဲ့ အသံဖိုင်လေး ထွက်လာပါလိမ့်မယ်။ MP3 အပြင် တခြား File Type တွေလည်း ဖြစ်နိုင်ပါတယ်။
*** YouTube တင်မကပါဘူး။ Safari က တခြား Buffer နဲ့ အလုပ်လုပ်တဲ့ သီချင်းတွေ ရုပ်ရှင်တွေကိုလည်း download လုပ်နိုင်ပါတယ်။

2 remarks:
Can I post it into my blog in English ? I'll link to your post. :)
Permission granted. :D
I'd appreciate your work.
Thanks.
TZ
Post a Comment