Loading...

Sunday, March 30, 2008

အရင်အတိုင်း ရန်ကုန် - ‘Yangon as usual’ from AD 3000 by Big Bag

ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ်…
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်…
ငါ့အခန်းထဲကနေ အပြင်ကိုထွက်…
ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ…

ငါ အတ္တကို အိတ်နဲ့ ထုပ်လိုက်တယ်…
လူမမြင်အောင် ယူကာအမှိုက်ပုံးလေးထဲထည့်…
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေပြန့်ကျဲ…
ရန်ကုန်မြို့ကြီးလည်း ဒီအတိုင်းပဲ…

ငါ အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်…
တမင်တကာ ကာရံထား ဒီတံတိုင်းများခြားရင်းနဲ့…
ဘ၀ရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ…
ရန်ကုန်မြို့ကြီးလည်း နာဖျားဆဲ…

ငါ အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်…
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျတယ်…
ဘ၀ရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ…
ရန်ကုန်မြို့ကြီးလည်း အရင်အတိုင်းပဲ…

လူတိုင်းက မင်းကို ချစ်တော့ချစ်ကြမယ်…
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်…
မင်းအပြစ်မဟုတ်ခဲ့တာ ငါ… တို့… နား… လည်….
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့။



သူငယ်ချင်း မြတ်မင်းဟန်က ဒီ Album ထဲကပဲ “မဆိုင်သလိုပဲ (၂)” ဆိုတဲ့ သီချင်းလေးနဲ့ ပတ်သက်ပြီး အံလွဲနေတာလေး တစ်ခု ကို သူ့ Blog မှာ ထောက်ပြထားပါတယ်။ ကျွန်တော်ကတော့ အဓိပ္ပါယ်လေးနက်တဲ့ “အရင်အတိုင်း ရန်ကုန်” ဆိုတဲ့ ဒီသီချင်းလေးကို အရမ်းကြိုက်မိပါတယ်။


1 remarks:

Anonymous said...

yeah.. same feeling with me .. but not only yangon par :)

Post a Comment