Loading...

Sunday, April 20, 2008

Money နဲ့ မျိုးပြပစ္စည်း

(၈) တန်းလောက်တုန်းကပေါ့။ တရုတ်တန်းဘက်မှာ နာမည်ကြီး အင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခု သွားတက်တယ်။ တစ်ရက် Countable Nouns နဲ့ Uncountable Nouns တွေ သင်တယ်။ ဆရာမတစ်ယောက်က “ကဲ သေသေချာချာ မှတ်ထားကြ၊ ပိုက်ဆံ (Money) ဟာ Uncountable Noun ပါ” တဲ့။

အဲ့တာနဲ့ ဆရာမအငယ် တစ်ယောက်ကို မေးတာပေါ့။ “ဆရာမ… ပိုက်ဆံက ဘာလို့ ရေလို့မရတာလဲ”။ ဆရာမပြန်ဖြေတာက…

“ဟဲ့ နင် ငွေကို တစ်ငွေ၊ နှစ်ငွေ လို့ ရေလို့ရလား” တဲ့။ Eek. သူရှင်းပြပုံက အတော်နားရှုပ်စရာ ပဲ။ ကျွန်တော် တွေးမိတာက လူဆိုရင်လည်း တစ်လူ၊ နှစ်လူ မရေသလို ပစ္စည်းကိုလည်း တစ်ပစ္စည်း၊ နှစ်ပစ္စည်း လို့ ရေတွက်ရိုးထုံးစံမှ မရှိတာ။ သင့်တော်တဲ့ မျိုးပြပစ္စည်းတစ်ခု သုံးပေးရမှာပေါ့။ တစ်ယောက်၊ တစ်ခု၊ တစ်ကောင်၊ တစ်စီး စသဖြင့်ပေါ့။

ဒါပေမယ့် ဆရာမပြောတာက အမှန်ပါ။ Money ဆိုတဲ့ ငွေဟာ အခြေခံ ယူနစ်မဲ့တဲ့ အရာမို့လို့ ရေလို့ မရပါဘူး။ Money လို့ ပြောရုံနဲ့ တစ်ကျပ်မဟုတ်သလို တစ်ရာလည်း မဟုတ်လို့ 1 Money, 2 Moneys လို့ ရေလို့ မရဘူးဆိုရင်တော့ နည်းနည်း ပိုနားထောင် ကောင်းမလားလို့…


1 remarks:

Wai Phyo said...

ပိုက်ဆံက အခြေခံယူနစ်မဲ့နေတာ သူကိုယ်တိုင်က အခြေခံယူနစ်တစ်ခုဖြစ်လာနေလို့ထင်တယ်နော်။ =D

စဉ်းစားစွာဖြင့်
-w

Post a Comment