Loading...

Wednesday, May 07, 2008

Nargis' Consequences : 2

UPDATE 4:

ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်ထားသော အမေရိကန် စစ်ဘက် လေယာဉ်တစီးကို မြန်မာနိုင်ငံတွင်း တင်္နလာနေ့တွင် ၀င်ရောက် ဆင်းသက်ရန် မြန်မာနိုင်ငံအစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်ကို ကိုးကားပြီး ရိုက်တာ သတင်းတရပ်က ဖော်ပြသည်။

မသိတော့ဘူးကွယ်။ :'(

UPDATE 3:

အမေရိကန် စစ်လေယာဉ်ပျံများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်၍ ကယ်ဆယ်ရေးဆိုင်ရာ စားရေရိက္ခာများ ချပေးနိုင်အောင် ကူညီပေးနိုင်ခဲ့သည် ထိုင်းစစ်ဦးစီးချုပ် Boonsrang Niumpradit မှ ပြောကြားသွားသည်။ အမေရိကန်သံရုံးမှလည်း ထိုဆုံးဖြတ်ချက်ကို အတည်ပြုထားသည်။

This photo is for illustration purpose only and is the property of its respective owner.
သို့သော်... တခြားမည်သည့် ထောက်ပံ့ရေး လေယာဉ်ကိုမျှ မီးစိမ်းမပြသေးကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူမှ ပြောကြားသွားသည်။

အသက်ရှင် ကျန်ရစ်သူများအတွက် စွမ်းအားဖြည့် ဘီစကွတ်များ (High-Energy Biscuits) အပြည့်တင်ဆောင်ထားသည့် ကျန်လေယာဉ်များမှာလည်း Dubai, Bangladesh နှင့် Thai တို့တွင် အဆင်သင့် စောင့်ဆိုင်းနေပြီဖြစ်သည်။ - Reuters

UPDATE 2:

“သေဆုံးသူ ၈၀,၀၀၀ အထိ ရှိသွားနိုင်ကြောင်း” World Vision ပရဟိတ အဖွဲ့အစည်းမှ ကျန်းမာရေးအကြံပေး အရာရှိ ဦးကြည်မင်း ခန့်မှန်း။ - ABC

အတည်မပြုနိုင်သော သတင်းများအရ သေဆုံးသူ အရေအတွက်အား ၁ သိန်းအထိ ခန့်မှန်းနိုင်ကြောင်း ကြားသိရသည်။ - ဒေါက်တာ အေးကျူ

UPDATE 1:

ပြည်တွင်းမှ လာသော သတင်းများအရ သေဆုံးသူ ၆၂,ဝဝဝ ရှိသွားပြီ ဖြစ်ကြောင်း အတည်ပြုနိုင်ပါပြီ။ သို့သော် ဤ ၆၂,ဝဝဝ တွင် ဟိုင်းကြီးကျွန်းမှ ဖိတ်စင်သူများ မပါသေးပါကြောင်း ၀မ်းနည်းစွာ မှတ်တမ်းတင် အပ်ပါသည်။

NGO များမှ ၀င်ရောက်/ကူညီနေသည့် နောက်ဆုံး သတင်းများကို မြတ်မင်းဟန်ရေးသည့် ဒီ Post တွင် ဖတ်ပါရန်။

0 remarks:

Post a Comment