Nargis hit Yangon

ရန်ကုန်မှာ.. သစ်ပင်တော်တော်များများ... အကုန်လုံးနီးပါး လဲတယ်.. စလောင်း ၉၀ ရာခိုင်နှုန်း ပျက်စီးတယ်.. Billboard တွေ အကုန် ပျက်စီးတယ်.. ဒလ၊ ဒေါပုံ၊ သာကေတ.. တော်တော်ဆိုးတယ်.. မြို့လယ်ခေါင်တိုက်တချို့ သွပ်မိုးတွေ လန်တယ်... ဓာတ်မီးတိုင်.. အကုန်နီးပါး အောက်ခြေကနေ... လဲကုန်လို့... မီးပြန်ရဖို့ အရမ်း chance နည်းနေတယ်.. ၂ ပတ်ကနေ.. လချီပြီး မီးပြန်ရဖို့ မဖြစ်နိုင်ဘူး.. မီးမရှိလို့ Handphone တွေ သုံးလို့ မရတော့ဘူး။ အစားအသောက် အခက်အခဲ ဖြစ်နေတယ်... မနေ့ည(၁၁)နာရီထဲက စ၀င်တာ.. ဒီနေ့ မနက် (၉)နာရီလောက်မှ... လေအားပျော့သွားပြီး.. မိုးကတော့ ဆက်ရွာနေတုန်းပါပဲတဲ့။ (ဒီနေ့ ညနေ ၅ နာရီမှ မုန်တိုင်းစဲသွားတယ်လို့.... သိရပါတယ်။)
ကြားရသလောက် ပြောရရင်... မရမ်းကုန်း Exchange အထိအခိုက်ရှိတယ်လို့ ဆိုပါတယ်။ တဆင့်ကြားထားတာပါ။ (မီးပျက်တာကြောင့် အလုပ်မလုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။) ၃၈ နဲ့ စတဲ့ ဖုန်းတချို့တော့ ခေါ်လို့... ရနေပါတယ်.. အခု ဆက်ကြည့်သလောက်ပါ။
ကုန်ဈေးနှုန်းတွေ တက်ကုန်တယ်တဲ့ဗျာ။
အာဇာနည် Blog က Link ပါ။
ဝေဖြိုးကျော်ရဲ့ Update ပါ။
Latest Update from S-Phantom.BlogSpot.Com
Xinhua က စနေည ၁၁နာရီ ၅၃ မိနစ်မှာ နောက်ဆုံးထုတ်ပေးတဲ့ သတင်းပါ။
Niknayman ရဲ့ မုန်တိုင်း ဓာတ်ပုံများ နဲ့ ဗီဒီယို***
အာဇာနည်ရဲ့ May 4 သတင်းအစုအစည်း
အာဇာနည်မှ နောက်ဆုံးသတင်းဓာတ်ပုံနဲ့ YouTube Video များ [Al-jazeera သတင်း Video အပါအ၀င်]
အဖေကပြောတယ်... သူ့တစ်သက် ရန်ကုန်မှာ မကြုံခဲ့ဖူးပါတဲ့။ ကျွန်တော့်ကိုလည်း ကျွန်တော်ဖုန်းဆက်လို့ ရတာ အရမ်းကံကောင်းတယ်တဲ့။ အိမ်ဖုန်းတွေ တော်တော်များများလည်း ပျက်နေပြီ။ ကယ်ဆယ်ရေးနဲ့ လူမှုဝန်ထမ်းကိစ္စတွေ အတော် အရေးတကြီး လုပ်ဖို့လိုပါလိမ့်မယ်...

2 remarks:
:(
so sad :(
Post a Comment