Loading...

Sunday, October 26, 2008

Conversation တစ်ခုကို ဘယ်လိုကောင်းအောင် လုပ်မလဲ… [ဘာသာပြန်]

ဗဟုသုတ၊ အလေ့အကျင့် နဲ့ စိတ်ရှည်မှုတော့ လိုတယ်။ ဒါပေမယ့် အရမ်းကြီး မခက်ပါဘူး။

၁။ နားထောင်ပါ။ (လာပြန်ပြီနော်… ဒါပဲ ခဏခဏ ပြောနေတယ်။ အရေးကြီးလို့ ထင်ပါရဲ့။) အပြန်အလှန် စကားပြောတယ် ဆိုမှတော့… တစ်ယောက်ပြောတဲ့ အချိန်မှာ Theoretically နောက်တစ်ယောက်က နားကို ထောင်နေရမှာပါပဲ။ အဲ့လိုမှ မဟုတ်ပဲ နားထောင်ရမယ့်လူက ကိုယ့်ဟာကို နောက်ဘာဆက်ပြောရမလဲ စဉ်းစားပြီး အလုပ်ရှုပ်နေရင်.. ကိုယ့်လုပ်နေတဲ့ “စကားပြောတဲ့ အလုပ်” လိုရင်း ပျောက်သွားပါလိမ့်မယ်။

၂။ တခြားလူ ဘာကို စိတ်ဝင်စားတတ်လဲ သိပါ။ (Game, Politics, Celebrities, or Sports?) ကိုယ့်ဘက်က ကြိုပြီး သူဘာကြိုက်တတ်သလဲ သိအောင် ကြိုပြင်ဆင် ထားသင့်ရင်လည်း ပြင်ဆင်ပါ။ သူ့ကို ဖြည့်ဆင်းပေးရင်းက ကိုယ်စကားစဖို့ အရမ်းလွယ်ပါတယ်။ လူတိုင်းက ဖြူစင်တဲ့ ချီးကျူးမှုကိုလည်း ကြိုက်တတ်ပါတယ်။ ရေခဲကိုသာ ခွဲနိုင်အောင် ကြိုးစားပါ။

၃။ မေးခွန်းမေး။ ဘာလုပ်ရတာ ကြိုက်လဲ။ ဘဝတလျှောက် ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ အခု ဘာတွေဖြစ်နေလဲ။ ဒီနေ့ ဘာလုပ်တုန်း။ ပြီးခဲ့တဲ့ တနင်္ဂနွေရုံးပိတ်ရက်မှာရော ဘာတွေလုပ်လဲ… စသဖြင့်။ ကိုယ်သူဆီက ကြားချင်နေတဲ့ အရာတွေကို ယဉ်ယဉ်ကျေးကျေးလေး မေးပါ။ *တစ်ခု မမေ့ပါနဲ့နော်။ ကိုယ်သူနဲ့ စကားပြောချင်နေတယ် ဆိုကတည်းက သူ့မှာ ကိုယ့်ကို စိတ်ဝင်စားစေနိုင်လောက်တဲ့ အရာတစ်ခုတော့ ရှိပြီ။

၎။ ကိုယ့်ကိုယ်ကို မေ့ပါ။ (ကိုယ့်ကိုယ်ကို မေ့ပါ။) Dale Carnegie က ပြောဖူးတယ်။ တစ်ဖက်လူအကြောင်းကို စိတ်ဝင်စားလိုက်ရတာက… ကိုယ့်အကြောင်းကို သူစိတ်ဝင်စားလာအောင် လုပ်ရတာထက် အများကြီး လွယ်တယ်။ ကိုယ့်အကြောင်းတွေပဲ စဉ်းစားနေမယ်… ငါ့ပုံ ဘာပုံ ပေါက်နေလဲ… တစ်ဖက်လူ ငါ့အကြောင်း ဘာတွေ စဉ်းစားနေလဲ… ဆိုတာတွေသာ တွေးနေမယ်ဆိုရင်… ကိုယ်အမြဲလိုလို စိတ်ပူပန်နေရလိမ့်မယ်။ ကိုယ့်ကိုယ်ကို မိတ်ဆက်။ လက်ဆွဲ နှုတ်ဆက်ပြီးပြီဆိုရင် ကိုယ့်အကြောင်း မေ့လိုက်တော့။ အဲ့ဒီအစား… တဖက်လူအပေါ်မှာသာ အာရုံထား…။

၅။ ခွန်းထောက်ပါ။ “ဟာ မသိလိုက်ဘူး.. ဘယ်လိုဖြစ်တာလဲ”… “အယ်.. တကယ်?” ဆိုတာမျိုးလေးတွေ ထောက်ပေးပါ။ တစ်ဖက်လူ စကားဆက်ပြောဖို့ သက်တောင့်သက်သာ ဖြစ်စေတာပေါ့။

၆။ ရှင်းအောင် မေးတတ်ပါစေ။ လူတွေက သူတို့ စိတ်ဝင်စားနေတဲ့ အကြောင်းအရာတွေကို ပြောရတာ ကြိုက်ပါတယ်။ သူတို့ ဘယ်လိုထင်တယ်၊ ခံစားရတယ် ဆိုတာ မေးပါ။ (မဖြေမနေ ဖြေပါလိ့မ်မယ်။) ကိုယ်မသိတဲ့ အကြောင်းအရာ တစ်ခုကို ပြောနေရင်တော့ ပိုတောင် ကောင်းပါတယ်။… သူတို့ဆီက သိအောင် မေးမြန်းပြီး… လေ့လာသင်ယူနိုင်တဲ့ အခွင့်အရေး တစ်ခုကို လက်မလွှတ်ပါစေနဲ့။ သူတို့ကလည်း အဲ့လို ကိုယ့်ဝါသနာကို ရှင်းပြရမယ်ဆိုရင် သိပ်ကို ဝမ်းသာလေ့ရှိပါတယ်။

၇။ သူပြောလိုက်တဲ့ စကားကို (ကိုယ့်အလှည့်ရောက်ရင်) ကိုယ်နားလည်သလို ပြန်ပြောပြီး သူနဲ့ ပြန် check ပါ။ အဲ့လိုလုပ်ရင်… ကိုယ်ကြားလိုက်တာ၊ နားလည်တာ လွဲနေရင် သူ့မှာ ပြန်ပြင်ပေးနိုင်ဖို့ အခွင့်အလမ်းတစ်ခု ရတာပေါ့။ (ဟုတ်တယ်နော်။)

၈။ ငြင်းမယ်ဆို အရင်စဉ်းစား***။ အရေးမကြီးတာကိုတော့… ငြင်းရရုံသက်သက်နဲ့ ငြင်းမနေပါနဲ့တော့။ အရေးကြီးတာဆိုရင်တော့ ကိုယ့်ရဲ့ ကွဲလွဲနေတဲ့ အမြင်ကို ယဉ်ယဉ်ကျေးကျေး ယှဉ်ပြပါ။ ဒါပေမယ့် မမေ့ဖို့က-
- လူတွေမှာရှိတဲ့ မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားနိုင်တာပါ။ အကုန်လုံးကသာ စက်ရုံထုတ်တွေလို တပုံစံထဲဆိုရင်… သူဘာလဲဆိုတာလည်း ကိုယ်ဘာလဲပါပဲ။
- အရာတိုင်းကို လိုက်သဘောတူနေတာနဲ့၊ အရာတိုင်းကို လိုက်ငြင်းနေတာဟာ… Conversation ကို သတ်နေတာပါ။
- ကိုယ်နဲ့ ကွဲပြားနေမှသာ တစ်ဖက်လူက စိတ်ဝင်စားဖို့ ကောင်းတာပါ။ ကိုယ်ပြောတာ အကုန်လုံးကို သူ ပိုတတ်သိနားလည်တယ်ဆိုတဲ့ သဘောနဲ့ လိုက်ငြင်းနေမယ်ဆိုရင် မမိုက်တော့ပါဘူး။
- “ဒါပေမယ့်” ဆိုတာကို ရှောင်ပါ။ အဲ့ဒီ စကားလုံးဟာ… တစ်ဖက်လူကို ခံစစ်အနေအထားကို အလိုလို တွန်းပို့ပါတယ်။

၉။ တစ်ဖက်လူ ပြောနေတဲ့ အကြောင်းအရာကို မတူညီတဲ့ အမြင်တစ်ခုကနေ (*သူ့အမြင်ကို မထိခိုက်ပဲ*) ပြောခြင်းဟာ စကားဝိုင်းကို စိုပြေသွက်လက်စေပါတယ်။ ဒါပေမယ့် လိုအပ်တာထက် ပိုပြီး မလုပ်ပါနဲ့။ ကိုယ့်ကို… စိတ်ပျက်သွားလိမ့်မယ်။

၁၀။ မတော်တဆ စကားဝိုင်း ထိုးရပ်သွားတယ် ဆိုပါစို့။ နောက်အကြောင်းအရာတစ်ခုကို ခဏလေးရပ်ပြီး စဉ်းစားလိုက်။ ဒါမှမဟုတ် မေးခွန်းတစ်ခုခု ကောက်မေးလိုက်။ သူအခုနက ပြောလိုက်တဲ့ အကြောင်းအရာ တစ်ခုခုက ကိုယ်ကြားဖူးတာ တစ်ခုခုကို သွားပြီး သတိရစေတာမျိုးရှိလား။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် ကြုံခဲ့ဖူးတာမျိုး ရှိလား? အဲ့ဒီကနေ စကားပြန်ဆက်ပါ။

၁၁။ ဘယ်လောက်ပဲ စကားဝိုင်းက သွက်လက်နေပါစေ။ တချိန်တော့ ရပ်ရမှာပဲ။ အဲ့ဒီအချိန်ကို သိပါ။ တဖက်လူကို လက်ဆွဲနှုတ်ဆက်ပြီး သူနဲ့ စကားပြောရတာ ကောင်းကြောင်း အသိပေးလိုက်ပါ။ Impression လည်း ကောင်းသလို နောက်စကားဝိုင်းတွေ အတွက်လည်း… တစ်ခုခု ချန်ထားခဲ့ရာ ရောက်တာပေါ့။

၁၂။ First Impression ကောင်းပါစေ။ (အရင်ဆုံးသတိယအောင် နောက်ဆုံးမှ ရေးထားပုံပဲ။) First Impression အတွက်… ပြုံးပါ။ ဟုတ်တယ်/ မဟုတ်ဘူး ဆိုတာထက် ပိုဖြေဖို့ လိုအပ်တဲ့ မေးခွန်းမျိုး မေးပါ။ အမှန်တကယ် နားထောင်ပါ။ မျက်လုံးချင်း ဆုံပြီး စကားပြောပါ။ အတတ်နိုင်ဆုံး ယဉ်ကျေးပါ။ ဖော်ရွေပါ။

တစ်ယောက်ယောက်ကများ မြောက်ပေးရင် Conversation တစ်ခုကို ဘယ်လို ထိန်းထားရမလဲ (ဘယ်လိုအကြောင်းအရာတွေ ပြောသင့်လဲ) ဆိုတာ ဆက်ရေးပါ့မယ်။ အချိန်ရရင်ပေါ့…

လေးစားလျက်-
mgthantzin

3 remarks:

Anonymous said...

မြှောက်ပေးပါတယ်..ဆက်ရေးပေးပါ...စိတ်ဝင်စားဖို့ကောင်းပါတယ်...

ei said...

good post . we will wait for next post.

ရွှန်းမီ said...

try to break the ice!..
:-)
စိမ်းရာက ခင်လာအောင် လုပ်ရမယ် လို့ မှတ်သွားတယ်..
ကျေးဇူးပါ မောင်သန့်ဇင်..။

Post a Comment