Loading...

Tuesday, January 29, 2008

Twitter – What are you doing?

Twitter ကို မိတ်ဆက်ပေးပါရစေ။ Twitter မှာ Register လုပ်ပြီးရင် သင်လုပ်ရမယ့်အလုပ်က တစ်ခုပဲ ရှိပါတယ်။ အဲ့တာက သင်အခုဘာလုပ်နေသလဲ (What are you doing?) ဆိုတာကို ဖြေပေးရမှာပါ။ ဖြေပြီးတော့ ဘာလုပ်ရမှာလဲ... ... ...။ အင်မတန် မေးသင့်တဲ့ မေးခွန်းတစ်ခု ပါပဲ။

တစ်ယောက်ထဲ ဖြေနေရင်တော့ ကိုယ်ဖြေခဲ့တဲ့အဖြေတွေကို မြင်နေရပါလိမ့်မယ်။ ဒါပေမယ့်... Twitter မှာ Social အပိုင်းလေးတစ်ခု ရှိပါတယ်။ သူငယ်ချင်းတွေကို ဖိတ်လိုက်ပါ။ (သင့် Gmail ထဲက Contact တွေကို Invite လုပ်ဖို့ Twitter က ခွင့်ပြုပါတယ်။)

သင့်သူငယ်ချင်းတွေ Register လုပ်ပြီးပြီဆိုရင်တော့ Twitter ရဲ့ အရေးအကြီးဆုံး Function ဖြစ်တဲ့ "Follow" လုပ်ရပါလိမ့်မယ်။ သင်ဟာ သင့်သူငယ်ချင်းတွေရဲ့ Twitter Updates (သူအခု ဘာလုပ်နေသလဲ ဆိုတဲ့ အဖြေတွေ - Tweets) တွေကို သင့်ရဲ့ Page မှာ သင် Log In ၀င်ပြီးရင် မြင်ရပါလိမ့်မယ်။

သင် Log In ၀င်ပြီးတာနဲ့ သင့်ရဲ့ Home မှာ သင်ရဲ့ Tweets တွေကြားထဲမှာ သင့် မိတ်ဆွေ သူငယ်ချင်းတွေရဲ့ Tweets တွေကိုပါ Chronologically တွေ့ရပါလိမ့်မယ်။

(ကိုယ်က သူ့ကို Follow လုပ်ထားရင် သူ့ Tweet ပဲ ကိုယ်ရပါတယ်။ ကိုယ့် Tweet ကို သူ အပြန်အလှန်အားဖြင့် ရမယ်လို့ ယူဆရင် မှားပါလိမ့်မယ်။ သူကိုယ်တိုင် ကိုယ့်ကို Follow ပြန်လုပ်ဖို့ လိုပါတယ်။)

ဒါပေမယ့် သူအခုပဲ Update လုပ်လိုက်တဲ့ Tweet ကို ကိုယ်က Online တက်၊ Log In ၀င်မှ တွေ့ရရင်တော့ အဲ့ဒီ Tweet ကလည်း တန်ဖိုးဝင်ချင်မှ ၀င်တော့မယ်။ ဥပမာ - သူက အခုပဲ Library က ထွက်ပြီး အိမ်ပြန်တော့မှာမို့ "Leaving library. Going back home." ဆိုတာကို ကိုယ်သာ ချက်ချင်း သိလိုက်ရရင် သူ့ကို တွေ့ဖို့ မီမှာပဲလေ။

SMS Tweets on your mobile

Twitter က အဲ့တာကို သဘောပေါက်ပါတယ်။ သူငယ်ချင်းတွေရဲ့ Tweet တွေကို ကျွန်တော်တို့ရဲ့ Phone ဆီကို တိုက်ရိုက် SMS ပို့ဖို့ ကျွန်တော်တို့ ရွေးချယ်လို့ရပါတယ်။ အဲ့လို Phone ကို Twitter နဲ့ Pair လုပ်မယ်ဆိုရင် +44 နဲ့ စတဲ့ Twitter ရဲ့ United Kingdom က နံပါတ်တစ်ခုကို Activation Message တစ်စောင် ပို့ရပါတယ်။ စင်္ကာပူမှာ အဲ့ဒီ Message အတွက် 15 cents လောက်တော့ (တကြိမ်တည်း) ကုန်ကျပါလိမ့်မယ်။ နောက်ပြီး အဲ့လို SMS Update ရဖို့အတွက် Twitter ဒုတိယ Function - Notification ကို ကျွန်တော်တို့ ဖွင့်ပေးဖို့လိုပါတယ်။ Follow က Web မှာပဲ ပေါ်တဲ့ ရိုးရိုး Chasing ပါ။

Notification ဆိုတာကတော့ နည်းနည်းပိုလေးနက်သွားပါပြီ။ သူ Update လုပ်တိုင်း ကိုယ့်ကို NOTIFIED ဖြစ်စေချင်တယ်လို့ ရွေးချယ်ခြင်းပါ။ အဲ့လို ကိုယ့်ရဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေရဲ့ Update တွေအတွက် Notification On ထားမယ်ဆိုရင် ထို နီးစပ်သော သူငယ်ချင်းတို့ရဲ့ Tweet လေးတွေ ကိုယ့် Phone မှာ အမြဲရနေပြီပေါ့။ “Computer ဖွင့်ထားရမယ်။ Online ဖြစ်နေရမယ်။ Log In ၀င်ထားရမယ်” ဆိုတဲ့ ကန့်သတ်ချက်တွေ အကုန်လုံးကို မေ့လို့ရပါပြီ။

Follow Vs. Notification

သေသေချာချာ အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ (မိတ်ဆွေမဟုတ်ပဲနဲ့ သူ့ရဲ့ Tweet လေးတွေကို ကိုယ်က စိတ်ဝင်စားနေတဲ့) လူပုဂ္ဂိုလ်တွေအားလုံးကို ကိုယ့်အနေနဲ့ Follow လုပ်နိုင်ပါတယ်။ ဒါပေမယ့် Notification ကိုတော့ တကယ်ကို နီးနီးစပ်စပ် ခင်ပြီး ကိစ္စရှိမှ လုပ်သင့်တယ်လို့ အကြံပြုပါရစေ။ Follow လုပ်တာကို တစ်ဖက်လူက တရားဝင် သိပါတယ်။ ကိုယ် Notification On ထားသလား မ On ထားဘူးလားဆိုတာတော့ တစ်ဖက်လူ မသိပါဘူး။ အဲ့တော့ ကိုယ့်သဘောပါ။

Tweets on Gtalk?

ဖုန်းမှာ အဲ့လိုကြီး SMS လာတာ အနှောင့်အယှက် ဖြစ်တယ်လို့ခံစားရသလား။ ရပါတယ်။ နောက်နည်းလမ်းတစ်ခု Twitter က ဖွင့်ပေးထားပါသေးတယ်။ Gtalk ပါ။ (AIM လည်း
သုံးလို့ရပါတယ်။ ဒါပေမယ့် မြန်မာတွေက Gtalk ပဲ အသုံးများတယ်ဆိုတော့...) Gtalk ကို သင့် Twitter Account နဲ့ Pair up လုပ်ပြီးရင် သင့် Gtalk ကနေ (twitter@twitter.com) ဆိုတဲ့ စက်ရုပ်ကလေးက သင့်ကို သင့်သူငယ်ချင်းရဲ့ Tweet တွေ လှမ်းပို့ပေးပါလိမ့်မယ်။ Twitter ကို Log In ၀င်ရတာထက် Gtalk မှာ Online ပိုကြာကြာဖြစ်နေနိုင်တာကြောင့် Gtalk က ပိုပြီး ကောင်းတဲ့ Notification Mechanism တစ်ခုပါ။ Phone ကတော့ အကောင်းဆုံးပါပဲ။ Twitter ကိုယ်တိုင် အဓိက သုံးစေချတဲ့ပုံစံကလည်း Handphone အခြေခံပါ။


Tweet လေးတွေ ဘယ်လိုပို့ရမလဲ။

ကိုယ် Update ရထားတဲ့ နည်းလမ်းသုံးမျိုးလုံးနဲ့ ပြန်ပို့လို့ရပါတယ်။ Basic method ကတော့ Web ပါ။ Log In ၀င်ပြီး သင်ဘာလုပ်နေလဲ ပြော။ မဟုတ်ရင်... Phone ကနေ (Phone ကို Activate လုပ်တုန်းက သုံးတဲ့ နံပါတ်ကိုပဲ) Global Message တစ်စောင် လှမ်းပို့ (15 cents လောက်ကျပါမယ်။) ဒါမှမဟုတ် ကိုယ့် Gtalk မှာ Add ထားပြီး ဖြစ်တဲ့ Twitter Robot လေးကို လှမ်းပြောလိုက်ရင်လည်း သူက Update လုပ်ပေးပါတယ်။ (မှတ်ချက်။ ။သူသင့်ကို ဘာမှ ပြန်ပြောမည် မဟုတ်ပါ။) http://www.twitter.com/[yourusername] မှာ သင့် Tweet ပေါ်၊မပေါ် Check နိုင်ပါတယ်။

ဘာတွေများ အကျိုးရှိလို့လဲ။

Twitter ဟာ အချိန်ဖြုန်းတာ သက်သက်ပါ လို့ ကျယ်ကျယ်လောင်လောင် အော်နေတဲ့သူတွေလည်း ရှိပါတယ်။ အထင်ကရ Blog ကြီးတွေမှာလည်း အသုံးပြုသူတွေရဲ့ အမြင်နဲ့ အယူအဆကို တောင်းနေပါတယ်။ ကျွန်တော်တော့ သုံးနေတာပဲ။ အချိန်အရမ်းကြီး ကုန်တဲ့ကိစ္စမဟုတ်လို့... အချိန်ဖြုန်းတယ်လို့တော့ ပြောလို့မရပါဘူး။ Friendster မှာဆိုရင် ဓာတ်ပုံတင်ရတာနဲ့၊ သူငယ်ချင်းတွေပုံ ကြည့်ရတာနဲ့ ပိုတောင် အချိန်ကုန်မယ်လို့ ယူဆပါတယ်။

အသုံးကျပုံများ

Twitter ကို လူတွေတော်တော်များများဟာ စီးပွားရေးကစလို့ ကိုယ်ရေးကိုယ်တာ အတွက်ပါ သုံးနေကြပါတယ်။ သင်ဘယ်လို သုံးချင်လဲဆိုတာ သင်ဘာသာသင် ဆုံးဖြတ်ရမယ့် ကိစ္စပါပဲ။ အသုံးကျပုံတစ်ခုကတော့ ဟိုတလောကဆိုရင် ကျွန်တော့်တို့ အပြန်အလှန် Follow လုပ်ထားတဲ့ သူငယ်ချင်း Group ထဲက တစ်ယောက်က သူ PDF File ရေးချင်လို့ ဘာ Program သုံးရမလဲလို့ Tweet လိုက်ပါတယ်။ သူငယ်ချင်းတွေ ၀ိုင်းဖြေပေးကြပါတယ်။


နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို Record ပြန်လုပ်ထားလို့ ရပါသေးတယ်ဗျာ။ ကိုယ်ပြီးခဲ့တဲ့ တစ်ပတ်လုံး ဘာတွေလုပ်ထားသလဲ ပြန် Check လို့ရတာပေါ့။ ဒါပေမယ့် သိပ် Personal ကျလွန်းတာတွေပဲ ရေးမယ်ဆိုရင်တော့ ကိုယ့်ရဲ့ Tweet တွေကို Protected လုပ်ထားလို့လည်း ရပါသေးတယ်ခင်ဗျာ။ [17 Ways You Can Use Twitter]

Twitter နဲ့ မြန်မာစာ

Twitter ကို မြန်မာလို Update လုပ်တာကို သိပ်တော့ အားမပေးချင်ပါဘူး။ မြန်မာလို သိပ်အရှည်ကြီးရေးရင် Twitter ကိုယ်တိုင်က လက်မခံတာလည်း ရှိပါတယ်။ သူ အဲ့ဒီ Character တွေကို နားမလည်ဘူးလို့ ပြောပါတယ်။ Phone တွေမှာပါ ကောင်းကောင်း ပေါ်နိုင်အောင် English လိုပဲ Tweet တာဟာ ပိုအဆင်ပြေပါတယ်။ နောက်ပြီး ကိုယ့်ကို Follow လုပ်တဲ့သူတွေမှာ နိုင်ငံခြားသားတွေ ပါလာမယ်ဆိုရင်လည်း English လိုလုပ်တော့ ပိုအဆင်ပြေတာပေါ့။


Twitter ကို မြန်မာစာ Enabled လုပ်ဖို့ မခက်ပါဘူး။ ဂျပန်နဲ့ ဥရောပနိုင်ငံတွေမှာ သူတို့နိုင်ငံတွေအတွက် သီးသန့် Twitter Clone တွေ ရှိနေပါပြီ။ Twitter က အဲ့လို လုပ်ဖို့ ခွင့်ပြုပါတယ်။ အဲ့တော့ Zawgyi သုံးထားတဲ့ mmtwitter.com ဆိုတာဟာလည်း မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါကြောင်း...

လေးစားလျက်
mgthantzin

ဒီ Post ဖတ်ပြီးလို့ Twitter မှာ Register လုပ်မယ်ဆိုရင် Username လေးတွေကို Comment အဖြစ် ကျေးဇူးပြု၍ ထားခဲ့ပေးစေချင်ပါတယ်။ ဒါမှ တစ်ယောက်နဲ့ တစ်ယောက် သိနေရင်လည်း အပြန်အလှန် Follow လုပ်လို့ရတာပေါ့။ အောက်က Link တွေကတော့ ကျွန်တော်ရယ်၊ Twitter သုံးတဲ့ ကျွန်တော့်ရဲ့ မြန်မာသူငယ်ချင်း Blogger တစ်ချို့ရယ် ရဲ့ Twitter Page တွေပါ။

Read More...

Wednesday, January 09, 2008

Information Technology 2007

This post is in response to a post written by my good 'technomaniac' friend. He listed down some good programs and web services of his choice.

ကဲ... ကွန်ပျူတာအကြောင်းလေး (ရှားရှားပါးပါး) လာပါပြီ။ ၂၀၀၇ နှစ်ကုန်တော့ Tech Blogger တော်တော်များများဟာ သူတို့ ၂၀၀၆ နှစ်ကုန်က ခန့်မှန်းခဲ့တာတွေ မှန်မမှန် ပြန်သုံးသပ်ကြတယ်။ ကုမ္ပဏီကြီးတွေက release လုပ်တဲ့ Product နဲ့ Service တွေကို ဝေဖန်စမ်းစစ်ကြတယ်ပေါ့ဗျာ။

Tech Blogger ပီသစွာ ဝေဖြိုးကျော်လည်း ၂၀၀၇ သုံးသပ်ချက်လေး ရေးဖြစ်ပါတယ်။ အခု ကျွန်တော့်ရဲ့ ဒီ Post က Response ပါ။

ကဲ Browser က စပြောရအောင်။ သူပြောသလိုပါပဲ။ Firefox ရဲ့ စွမ်းဆောင်ရည်ဟာ သိသိသာသာကို ကျဆင်းလာပါတယ်။ ကြုံခဲ့ရတာတစ်ခုကတော့ 3D များများနဲ့ Online Flash Game တစ်ခုဟာ Loading ပြီးသွားပေမယ့် Firefox က Game ကို မဖော်ပေးနိုင်ပဲ Hang မတတ်ဖြစ်သွားပါတယ်။ အဲ့ဒီ Game ကိုပဲ IE7 မှာ အထစ်အငေါ့မရှိ Run နိုင်ခဲ့ပါတယ်။ Opera ဟာ ပြီးပြည့်စုံတဲ့ Browser တစ်ခုပေမယ့် သူ့ရဲ့ အားနည်းချက်ကတော့ Myanmar Unicode ဆိုတဲ့ ဟာကို ကောင်းကောင်း မဖော်ပြနိုင်ပါဘူး။ အဲ့ဒီတစ်ချက်ထဲနဲ့ Opera ကို ၀မ်းနည်းစွာ စွန့်လွှတ်ရပါတယ်။ (တစ်ယောက်ယောက်ကများ မြန်မာလို ပေါ်မယ့် နည်းလမ်းလေး ပေးနိုင်မယ်ဆိုရင် အတော်ဝမ်းသာစရာပါပဲ။)

Email ကတော့ Gmail ပါပဲ။ Gmail 2.0 က ဝေဖန်စရာများများ မရှိလောက်အောင်ကို ကောင်းနေပါတယ်။ အထူးသဖြင့် Contact Management က သပ်ရပ် လွယ်ကူလွန်းပါတယ်။ သူ့ရဲ့ စွဲဆောင်မှုရှိတဲ့ Ajaxy Interface ကြောင့်ပဲ ထင်ပါရဲ့... IMAP လူသုံးမများခဲ့ဘူး။ (ကျွန်တော်ထင်တာပါ။ Figure အတိအကျတော့ မသိပါဘူး။)

Email Client အနေနဲ့ ဆိုရင်တော့ Windows Vista နဲ့ တွဲပါလာတဲ့ Windows Mail ဟာ Windows XP နဲ့ တွဲပါလာတဲ့ Outlook Express ထက်တော့ ပိုလှတာအမှန်ပဲ။ ဒါပေမယ့် အားနည်းချက်က ခဏခဏ Crash ဖြစ်တတ်တာပါပဲ။ ကျွန်တော့ ရွေးချယ်မှုက Thunderbird ပါ။ သပ်သပ်ရပ်ရပ်လေး သုံးချင်တယ်ဆိုရင် Mac ရဲ့ Mail Theme လေးသုံးပေါ့။ Thunderbird က အများကြီး ပိုပေါ့ပါတယ်။ စာပို့တာလည်း မြန်တယ်လို့ ထင်တယ်။ Windows Mail ကတော့ Native application ဖြစ်ပြီး ဒုက်ခပေးနေတာပါ။ (ဒါပေမယ့်လည်းပေါ့လေ MS Exchange Server တွေ အတွက်တော့ Outlook ဆက်ရှင်သန်နေဦးမယ် ထင်ပါတယ်။)

Operating System ကတော့ Leopard ပါပဲ။ User-centred OS မို့လို့ လို့ပဲ ပြောပါရစေတော့။ Ubuntu က ကျွန်တော် (ကွန်ပျူတာကျောင်းသား) ကိုတောင် Application လေးတစ်ခုသွင်းဖို့ Tutorial ၂ ခုလောက်တော့ ဖတ်ခိုင်းပါတယ်။ အမှန်တကယ်ကို စိတ်ညစ်စရာပါပဲ။ ၂၀၀၈ ထဲမှာတောင် Vista ကို ခြိမ်းခြောက်နိုင်မယ် မထင်သေးပါဘူး။

Microsoft ရဲ့ မှန်ကန်တဲ့ လုပ်ရပ်အဖြစ် အသိအမှတ်ပြုရမှာကတော့ Office 2007 ပါပဲ။ လှပပြီး သုံးရလွယ်စေမှုကို ရှေးရှုထားပါတယ်။ ဒါပေမယ့်လဲ File Format အသစ်ကတော့ Backward Compatibility အတွက် အမှတ်လျော့စေတာ အမှန်ပါပဲ။ Open-office က ကျောင်းသားတွေ သုံးဖို့အတွက်တော့ အဆင်သင့် မဖြစ်သေးပေမယ့် Office မရှိတဲ့ စက်တွေမှာတော့ ဖွင့်ကြည့်ဖို့၊ ပြင်ဖို့အတွက်တော့ အသုံးဝင်ပါတယ်။ Google ကတော့ သူ့ရဲ့ Pack ထဲမှာ StarOffice ကို ထည့်ပေးလိုက်ပါတယ်။ StarOffice ကိုတော့ မစမ်းကြည့်ရသေးပါဘူး။

Online office suite မှာ Zoho ကိုပဲ ကျွန်တော်လည်း ရွေးချယ်လိုပါတယ်။ ဘာလို့ဆို သဘောကိုကျလို့ပါ။ Online DB Tool ကို ထုတ်ပြလိုက်တာ တော်တော်လန်းပါတယ်။

Instant Messaging နဲ့ Micro-blogging တွေအတွက် ကျွန်တော်နဲ့ ဝေဖြိုးကျော်တို့ရဲ့ ရွေးချယ်မှုက တထပ်တည်းပါ။ Gtalk, Twitter နဲ့ Tumblr ပါ။ Pownce (မထင်ရလောက်အောင်) ကျရှုံးသွားပါတယ်။ လှမ်းလိုက်တဲ့ ခြေလှမ်းမှားတာလို့ ဆိုပါရစေ။

Notes တွေမှတ်တဲ့နေရာမှာတော့ ကိုယ့်စာအုပ်အကြိုက်ဆုံးပါ။ နောက်တာမဟုတ်ပါဘူး။ Windows အတွက်ရော၊ Internet မှာပါ စိတ်ကြိုက်မတွေ့သေးဘူး။ အနီးစပ်ဆုံး စိတ်ကျေနပ်တဲ့ Service ကတော့ Jottit.com ပါ။ Easy Web Page Creation Service ပါ။ ကိုယ်တိုင်လေ့လာကြည့်ရင် ပိုမြင်သာတယ်။ တစ်ချက် ကြည့်ကြည့်ပါ။


Facebook ကတော့ ၂၀၀၇ အတွက် စိတ်ပျက်စရာတစ်ခုလို့တောင် ဆိုချင်ပါတယ်။ ကျွန်တော့်မှာ Application Request ၃၀ အနည်းဆုံးရှိပါတယ်။ Application Developer ၁ သိန်းရဲ့ စိတ်ထင်တိုင်း လျှောက်ရေးမှုတွေပေါ့။ ဒါဟာ ဒုတိယမျိုးဆက် Social Networking ရဲ့ ခြေလှမ်းအစလို့ သတ်မှတ်ချင်ပါတယ်။ ဒီအတိုင်း ခပ်တည်တည်နဲ့ ဆက်သွားဖို့ ရှိပါတယ်။ Flop ဖြစ်မယ်တော့ မထင်ဘူး။ LinkedIn ကတော့ သူ့အကန့်နဲ့သူ ခမ်းနားနေပြီး ဝေဖြိုးကျော်ပြောသလို KickStart ကတော့ ကိုယ်တိုင်တောင် KickStart လိုက်နိုင်ရဲ့လား မသိပါဘူး။ Friendster ကတော့ ပုံမှန်လေး Maintenance လုပ်နေတုန်းပါပဲ။ Orkut ကတော့ Global Social Network ဆိုတာထက် India နဲ့ Brazil အတွက်ပဲ ဆိုရင်တောင် ပိုမှန်မလားပဲ။

Ads နဲ့ ပတ်သက်လို့တော့ ကျွန်တော်သိပ်မသလို့ မပြောတော့ဘူး။

Online Music အတွက်ကတော့ မြတ်မင်းဟန် ညွှန်းတဲ့ SongZa.com လေး မဆိုးပါဘူး။ Last.Fm တို့ Imeem တို့ကတော့ ကိုယ့် Rank လေးတွေနဲ့ ကိုယ် မင်သေသေပါပဲ။

ဟုတ်ပါတယ်။ YouTube ရဲ့ အောင်မြင်မှုကိုတော့ ငြင်းလို့ မရပါဘူး။ Joost ကလည်း Content ကောင်းကောင်းနဲ့ Invite တွေတောင် Popular ဖြစ်ခဲ့ရပါတယ်။

Podcast နဲ့ Mashup ကိုတော့ မရင်းနှီးလို့ ကျော်ပါရစေ။

Online Storage မှာတော့ MediaFire က အဆင်အပြေဆုံးပါ။ Aruna ရဲ့ ခြေလှမ်းကိုတော့ ကျွန်တော်တို့ စောင်ကြည့်ရပါမယ်။ သူ့ခြေလှမ်းက ပိုကျယ်ပြန့်နေပါတယ်။ File Transfer ကတော့ PipeByte က စိတ်ဝင်စားစရာ အမှန်ပဲ။ ဒါပေမယ့် ဟိုတလောက စမ်းသပ်ဖြစ်တဲ့ Portable HTTP File Server (HFS) က ကျွန်တော့်ရဲ့ ပုံမှန် File Transfer ပုံစံကို ပြောင်းသွားနိုင်တယ်လို့ ယုံနေပါတယ်။

နာမည်အကြီးဆုံး Gadget ကတော့ iPhone ပဲဖြစ်မှာပါ။ အဝေဖန်ချင်ဆုံး ဆိုရင်တော့ Amazon Kindle ပါ။

အကြိုက်ဆုံး Laptop ကတော့ မောင်ဝေဖြိုးကျော် ရွေးချယ်သလိုပဲ MacBookPro ပါ။

Music Player မှာတော့ iPod Touch ကိုပဲ ထပ်ရွေးပေးလိုက်ပါ့မယ်ဗျာ။ (တတ်နိုင်ဘူးလေကွယ်။)

Search Engine အတွက် Google နဲ့ Reference အတွက် Wikipedia က မပြောင်းမလဲ ရှိနေပါတယ်။ ဒါပေမယ့် Google ရဲ့ Encyclopedia Project ကိုတော့ အားမပေးပါဘူး။

မဖြစ်မနေ ဖတ်ဖြစ်တဲ့ Blog တွေက DownloadSquad, LifeHacker နဲ့ GoogleSystem ပါ။ Mashable ကိုလည်း ပုံမှန်လိုလို ဖတ်ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Windows အတွက် အောက်က Utitlities တွေကို ကျွန်တော့်အနေနဲ့ Recommend လုပ်ချင်ပါတယ်။

Comodo Personal Firewall Pro V 3.0
Avast Antivirus
Spyware Terminator + Spyware Blaster
CCleaner
JKDefragGUI
Sandboxie (if you love to take some 'risks' time to time)


ကဲ Post လည်း အတော်ကြီး ရှည်နေပြီဆိုတော့ ရပ်ပါတော့မယ်။ အားလုံးပဲ ၂၀၀၈မှာ ငြိမ်းချမ်းနိုင်ကြပါစေဗျာ။

Read More...

Tuesday, January 01, 2008

Steven အတွက် (၁၈)နှစ်ပြည့် မွေးနေ့ဆုတောင်း

နှစ်တစ်နှစ် ရဲ့ ပထမဆုံးသော ရက်စွဲနဲ့ မွေးလာခဲ့တဲ့ ချစ်ရ၊ခင်ရတဲ့ ညီ “အမောင်” ပျော်ရွှင်ဖွယ်ရာ ဘ၀တစ်ခုအား အဓိပ္ပါယ်ပြည့်ဝစွာ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ပါစေ။

Read More...