Saturday, May 31, 2008
Sunday, May 11, 2008
နေရောင်အောက်က အသက်ရှူသံတွေ ရပ်တန့်မသွားဖို့
Wednesday, May 07, 2008
Nargis' Consequences : 2
UPDATE 4:
ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်ထားသော အမေရိကန် စစ်ဘက် လေယာဉ်တစီးကို မြန်မာနိုင်ငံတွင်း တင်္နလာနေ့တွင် ၀င်ရောက် ဆင်းသက်ရန် မြန်မာနိုင်ငံအစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်ကို ကိုးကားပြီး ရိုက်တာ သတင်းတရပ်က ဖော်ပြသည်။
မသိတော့ဘူးကွယ်။ :'(
UPDATE 3:
အမေရိကန် စစ်လေယာဉ်ပျံများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်၍ ကယ်ဆယ်ရေးဆိုင်ရာ စားရေရိက္ခာများ ချပေးနိုင်အောင် ကူညီပေးနိုင်ခဲ့သည် ထိုင်းစစ်ဦးစီးချုပ် Boonsrang Niumpradit မှ ပြောကြားသွားသည်။ အမေရိကန်သံရုံးမှလည်း ထိုဆုံးဖြတ်ချက်ကို အတည်ပြုထားသည်။

This photo is for illustration purpose only and is the property of its respective owner. သို့သော်... တခြားမည်သည့် ထောက်ပံ့ရေး လေယာဉ်ကိုမျှ မီးစိမ်းမပြသေးကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူမှ ပြောကြားသွားသည်။
အသက်ရှင် ကျန်ရစ်သူများအတွက် စွမ်းအားဖြည့် ဘီစကွတ်များ (High-Energy Biscuits) အပြည့်တင်ဆောင်ထားသည့် ကျန်လေယာဉ်များမှာလည်း Dubai, Bangladesh နှင့် Thai တို့တွင် အဆင်သင့် စောင့်ဆိုင်းနေပြီဖြစ်သည်။ - Reuters
UPDATE 2:
“သေဆုံးသူ ၈၀,၀၀၀ အထိ ရှိသွားနိုင်ကြောင်း” World Vision ပရဟိတ အဖွဲ့အစည်းမှ ကျန်းမာရေးအကြံပေး အရာရှိ ဦးကြည်မင်း ခန့်မှန်း။ - ABC
အတည်မပြုနိုင်သော သတင်းများအရ သေဆုံးသူ အရေအတွက်အား ၁ သိန်းအထိ ခန့်မှန်းနိုင်ကြောင်း ကြားသိရသည်။ - ဒေါက်တာ အေးကျူ
UPDATE 1:
ပြည်တွင်းမှ လာသော သတင်းများအရ သေဆုံးသူ ၆၂,ဝဝဝ ရှိသွားပြီ ဖြစ်ကြောင်း အတည်ပြုနိုင်ပါပြီ။ သို့သော် ဤ ၆၂,ဝဝဝ တွင် ဟိုင်းကြီးကျွန်းမှ ဖိတ်စင်သူများ မပါသေးပါကြောင်း ၀မ်းနည်းစွာ မှတ်တမ်းတင် အပ်ပါသည်။
NGO များမှ ၀င်ရောက်/ကူညီနေသည့် နောက်ဆုံး သတင်းများကို မြတ်မင်းဟန်ရေးသည့် ဒီ Post တွင် ဖတ်ပါရန်။

Monday, May 05, 2008
Nargis နောက်ဆက်တွဲ သတင်းများ
UPDATE 10:
၅၀,၀၀၀ သေဆုံး။ (မဇ္ဈိမ)
၁၅,၀၀၀ သေဆုံး။ ၃၀,၀၀၀ ပျောက်ဆုံး။ အတည်ပြုပြီး။ - Reuters
ထိုင်းရဲ့ အကူအညီ ပထမဆုံးလေယာဉ် ဒီနေ့ရောက်မယ်လို့ ပြောနေပါတယ်။ WFP က ဆန်တန် ၈ဝဝ ရန်ကုန်ဂိုဒေါင်မှာ အသင့်ရှိနေတယ်လို့လဲ သတင်းကြားကြောင်းပါ။(အတည်မပြုနိုင်ပါ။)
EU Comission မှ ဒေါ်လာ သုံးသန်းနှင့် Germany မှ ယူရို ၅ သိန်း လှူဒါန်းမည် ဟု သိရသည်။
UPDATE 9:
မြန်မာ့ နိုင်ငံခြားရေးဝန်ကြီးမှ သေဆုံးသူ ၁ သောင်းကျော်သွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံမှ အတည်ပြုပြောကြားသည်။ နိုင်ငံတကာအကူအညီများကို လက်ခံမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆို သွားသည်။
ကုလ အထွေထွေ အတွင်းရေးမှူးမှ “အရေးပေါ် လိုအပ်နေသည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ အတွက် (လိုအပ်သည့်) ဘာကိုမဆို လုပ်ဆောင် သွားမည်။” ဟု ပြောဆိုသွားသည်။ ကုလ သဘာဝဘေးအန္တရာယ် ဆန်းစစ်ရေး အဖွဲ့အားလည်း မြန်မာနိုင်ငံသို့ လွှတ်ရန် သူ့အနေဖြင့် အသင့်ပြင်ဆင် ထားရှိသည် ဟုဆိုသည်။
အမေရိကန်ပြည်ထောင်စုမှ သမ္မတကတော်က အမေရိကန်ဒေါ်လာ ၂ သိန်းခွဲကို အကူအညီအနေဖြင့် ကမ်းလှမ်းထားပြီး နိုင်ငံတွင်း ၀င်ရောက် ကူညီခွင့်ရပါက အကူအညီများ ပိုမို ပေးအပ်မည် ဖြစ်ကြောင်း။
Australia နိုင်ငံမှ အကူအညီပေးမည့် လူမှုဝန်ထမ်းများကို နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်အား မြန်မာ နိုင်ငံအစိုးရမှ လက်ခံလိုက်သည်။
အိန္ဒိယမှ သင်္ဘောနှစ်စီးဖြင့် ရိက္ခာ၊ အ၀တ်အထည်၊ စောင်၊ ယာယီတဲများနှင့် ဆေးဝါးများ ပေးပို့သည်။
- BBC & ABC & The Times of India
UPDATE 8:
ယနေ့အထိ မုန်တိုင်း ဒုက္ခသည်တွေ အတွက် စင်္ကာပူမှ အလှူငွေ စုစုပေါင်း စင်္ကာပူဒေါ်လာ ၁၁၀၂၀ ကျော် (မြန်မာငွေကျပ် သိန်း ၉၀ နီးပါး) ရရှိပါပြီ။ သာဓု ခေါ်ကြပါဗျာ။ =)
UPDATE 7:
UPDATE 6:
၁။ လူ ၄၀၀၀ သေဆုံးပြီး ၃၀၀၀ ပျောက်ဆုံးနေဆဲ။ - Reuters
၂။ သေဆုံးသူ ၁၀,၀၀၀ အထိရှိနိုင် ဟု မြန်မာ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ခန့်မှန်း။ ရန်ကုန်တွင် ၅၉ဦး သေဆုံး။ - The Associated Press
UPDATE 5:
ရန်ကုန်မှ Internet သုံးသူတချို့ကို Online ပြန်တွေ့မြင်ရပြီ ဖြစ်သည်။ =)
နိုင်ငံတကာ အကူအညီတချို့ကို မြန်မာအစိုးရမှ လက်ခံလိုကြောင်း ထုတ်ဖော်ပြောကြားသည်။ အကူအညီအသေးစိတ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးနေဆဲ ဖြစ်သည်။
- Reuters via CourierMail
UPDATE 4:
Cellular Phone (0999, 0990) များ Battery ရှိနေသေးလျှင် ဆက်လို့ ရနေသေးသည်ဟု... Cell Phone သုံးလုံး ဆက်လိုက်နိုင်သည့် သူငယ်ချင်း တစ်ယောက်က ခိုင်ခိုင်လုံလုံ ပြောသွားပါသည်။ ၀ါသနာပါလျှင် စမ်းကြည့်ကြပါ။
UPDATE 3:
ဆန္ဒခံယူပွဲအား မူလ စီစဉ်ထားသည့် အတိုင်း ကျင်းပမည်။
“ဆန္ဒခံယူပွဲ ကျင်းပဖို့လည်း ရက် အနည်းငယ်ပဲ လိုတော့တယ်။ ပြည်သူတွေ အနေနဲ့လည်း မဲထည့်ဖို့ စိတ်ပြင်းပြ နေကြတယ်။” လို့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးမှ ပြောကြား သွားကြောင်း နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည်။
- Reuters via CourierMail
UPDATE 2:
UPDATE 1:
မြေနီကုန်းကနေ ၈ မိုင်ကို Taxi ခ ၁သောင်းခွဲပါတဲ့။ Flickr မှ ဓာတ်ပုံ စုံစုံလင်လင်။ [DVB] သွပ်ရိုက်သံ တစ်ချောင်း ၁၀၀၊ သွပ်တစ်ချက် ၁ သောင်း။ ရေသန့်တစ်ဗူး ၆၀၀။ ဓာတ်ဆီ ၁ ဂါလံ ၈၀၀၀။ [/DVB] လိုင်းကားခကလည်း ၅၀၀၊ ၁၀၀၀ ဆိုပဲ။ ကြက်ဥကလည်း ၃၀၀ နဲ့ ၄၀၀ ကြားမှာတဲ့။ မြန်မာပြည်ကနေ နိုင်ငံခြားကို ဖုန်းခေါ်ချင်ရင်... တစ်မိနစ်ကို ၃၅၀၀ နဲ့ ခေါ်လို့ရနေတယ်လို့ သတင်းရပါတယ်။ မသေချာပါ။ မြန်မာအစိုးရမှ ကုလသမဂ္ဂရဲ့ အကူအညီကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ကြောင်းကို Channel 5 မှ သတင်းထုတ်လွှင့် သွားပါတယ်။ လူ ၁ သိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ကိုတော့ Singapore အခြေစိုက် CNA သတင်းဌာနမှ ကြေငြာသွားပါတယ်။ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို နောက်ဆုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကတော့ Comment ပေးဖို့ ငြင်းဆိုပါတယ်။ တော်တော်ဆိုးတဲ့ အခြေအနေတွေထဲမှာ... သောက်ဖို့ရေသန့် ခက်ခဲနေတာ အဓိက ပြဿနာ ဖြစ်နေပါတယ်။

- မော်ကျွန်း တစ်ဝိုက်တွင်ပင် သေဆုံးသူ ၂၀၀၀ ခန့်ရှိ။
- ကျိုက္ကဆံ စိန်ဖူးတော် စောင်းသွား။
- ကျိုက်ခမီ ထီးတော် စောင်းသွား။
- ရွှေတိဂုံကိုတော့ အဝေးမှ လှမ်းကြည့်နိုင်သရွေ့ ဘာမှ မဖြစ်ဟု ခန့်မှန်း။
- ကျောက်တန်းမှာ ရေတစ်စည် ၆ထပ် အရောက်ပို့ပေးရင် ၃၀၀၀။
- ရေမချိုးကြရတာ ၄ ရက်မြောက်။
- ကျိုက်ထီးရိုး အပျက်အစီးရှိ။
- ကျိုက်ထို အပျက်အစီးများ။
- ပဲခူး... ဧရာဝတီတိုင်း အပျက်အစီးများ။
- ပုံမှန် ရန်ကုန်-ကျောက်တန်း ဘတ်စ်ကားခ ၂၅၀က အခု ၂၀၀၀ ဖြစ်နေ။
- ဓာတ်ဆီ ၁ ဂါလံ ၁၀,၀၀၀ ကျော်။
- စင်္ကာပူကနေ ရန်ကုန်ကို ပို့ချင်ရင် ၃ ရက်ကြာမယ်။
UPDATE 6:
၁။ လူ ၄၀၀၀ သေဆုံးပြီး ၃၀၀၀ ပျောက်ဆုံးနေဆဲ။ - Reuters
၂။ သေဆုံးသူ ၁၀,၀၀၀ အထိရှိနိုင် ဟု မြန်မာ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ခန့်မှန်း။ ရန်ကုန်တွင် ၅၉ဦး သေဆုံး။ - The Associated Press
UPDATE 5:
ရန်ကုန်မှ Internet သုံးသူတချို့ကို Online ပြန်တွေ့မြင်ရပြီ ဖြစ်သည်။ =)
နိုင်ငံတကာ အကူအညီတချို့ကို မြန်မာအစိုးရမှ လက်ခံလိုကြောင်း ထုတ်ဖော်ပြောကြားသည်။ အကူအညီအသေးစိတ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးနေဆဲ ဖြစ်သည်။
- Reuters via CourierMail
UPDATE 4:
Cellular Phone (0999, 0990) များ Battery ရှိနေသေးလျှင် ဆက်လို့ ရနေသေးသည်ဟု... Cell Phone သုံးလုံး ဆက်လိုက်နိုင်သည့် သူငယ်ချင်း တစ်ယောက်က ခိုင်ခိုင်လုံလုံ ပြောသွားပါသည်။ ၀ါသနာပါလျှင် စမ်းကြည့်ကြပါ။
UPDATE 3:
ဆန္ဒခံယူပွဲအား မူလ စီစဉ်ထားသည့် အတိုင်း ကျင်းပမည်။
“ဆန္ဒခံယူပွဲ ကျင်းပဖို့လည်း ရက် အနည်းငယ်ပဲ လိုတော့တယ်။ ပြည်သူတွေ အနေနဲ့လည်း မဲထည့်ဖို့ စိတ်ပြင်းပြ နေကြတယ်။” လို့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးမှ ပြောကြား သွားကြောင်း နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည်။
- Reuters via CourierMail
UPDATE 2:
United Nations aid workers in Burma say they are ready to send help to those hardest hit by a cyclone as soon as authorities give the go-ahead.
- RadioAustralia
- RadioAustralia
UPDATE 1:
မြေနီကုန်းကနေ ၈ မိုင်ကို Taxi ခ ၁သောင်းခွဲပါတဲ့။ Flickr မှ ဓာတ်ပုံ စုံစုံလင်လင်။ [DVB] သွပ်ရိုက်သံ တစ်ချောင်း ၁၀၀၊ သွပ်တစ်ချက် ၁ သောင်း။ ရေသန့်တစ်ဗူး ၆၀၀။ ဓာတ်ဆီ ၁ ဂါလံ ၈၀၀၀။ [/DVB] လိုင်းကားခကလည်း ၅၀၀၊ ၁၀၀၀ ဆိုပဲ။ ကြက်ဥကလည်း ၃၀၀ နဲ့ ၄၀၀ ကြားမှာတဲ့။ မြန်မာပြည်ကနေ နိုင်ငံခြားကို ဖုန်းခေါ်ချင်ရင်... တစ်မိနစ်ကို ၃၅၀၀ နဲ့ ခေါ်လို့ရနေတယ်လို့ သတင်းရပါတယ်။ မသေချာပါ။ မြန်မာအစိုးရမှ ကုလသမဂ္ဂရဲ့ အကူအညီကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ကြောင်းကို Channel 5 မှ သတင်းထုတ်လွှင့် သွားပါတယ်။ လူ ၁ သိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ကိုတော့ Singapore အခြေစိုက် CNA သတင်းဌာနမှ ကြေငြာသွားပါတယ်။ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို နောက်ဆုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကတော့ Comment ပေးဖို့ ငြင်းဆိုပါတယ်။ တော်တော်ဆိုးတဲ့ အခြေအနေတွေထဲမှာ... သောက်ဖို့ရေသန့် ခက်ခဲနေတာ အဓိက ပြဿနာ ဖြစ်နေပါတယ်။
Saturday, May 03, 2008
Nargis hit Yangon

ရန်ကုန်မှာ.. သစ်ပင်တော်တော်များများ... အကုန်လုံးနီးပါး လဲတယ်.. စလောင်း ၉၀ ရာခိုင်နှုန်း ပျက်စီးတယ်.. Billboard တွေ အကုန် ပျက်စီးတယ်.. ဒလ၊ ဒေါပုံ၊ သာကေတ.. တော်တော်ဆိုးတယ်.. မြို့လယ်ခေါင်တိုက်တချို့ သွပ်မိုးတွေ လန်တယ်... ဓာတ်မီးတိုင်.. အကုန်နီးပါး အောက်ခြေကနေ... လဲကုန်လို့... မီးပြန်ရဖို့ အရမ်း chance နည်းနေတယ်.. ၂ ပတ်ကနေ.. လချီပြီး မီးပြန်ရဖို့ မဖြစ်နိုင်ဘူး.. မီးမရှိလို့ Handphone တွေ သုံးလို့ မရတော့ဘူး။ အစားအသောက် အခက်အခဲ ဖြစ်နေတယ်... မနေ့ည(၁၁)နာရီထဲက စ၀င်တာ.. ဒီနေ့ မနက် (၉)နာရီလောက်မှ... လေအားပျော့သွားပြီး.. မိုးကတော့ ဆက်ရွာနေတုန်းပါပဲတဲ့။ (ဒီနေ့ ညနေ ၅ နာရီမှ မုန်တိုင်းစဲသွားတယ်လို့.... သိရပါတယ်။)
ကြားရသလောက် ပြောရရင်... မရမ်းကုန်း Exchange အထိအခိုက်ရှိတယ်လို့ ဆိုပါတယ်။ တဆင့်ကြားထားတာပါ။ (မီးပျက်တာကြောင့် အလုပ်မလုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။) ၃၈ နဲ့ စတဲ့ ဖုန်းတချို့တော့ ခေါ်လို့... ရနေပါတယ်.. အခု ဆက်ကြည့်သလောက်ပါ။
ကုန်ဈေးနှုန်းတွေ တက်ကုန်တယ်တဲ့ဗျာ။
အာဇာနည် Blog က Link ပါ။
ဝေဖြိုးကျော်ရဲ့ Update ပါ။
Latest Update from S-Phantom.BlogSpot.Com
Xinhua က စနေည ၁၁နာရီ ၅၃ မိနစ်မှာ နောက်ဆုံးထုတ်ပေးတဲ့ သတင်းပါ။
Niknayman ရဲ့ မုန်တိုင်း ဓာတ်ပုံများ နဲ့ ဗီဒီယို***
အာဇာနည်ရဲ့ May 4 သတင်းအစုအစည်း
အာဇာနည်မှ နောက်ဆုံးသတင်းဓာတ်ပုံနဲ့ YouTube Video များ [Al-jazeera သတင်း Video အပါအ၀င်]
အဖေကပြောတယ်... သူ့တစ်သက် ရန်ကုန်မှာ မကြုံခဲ့ဖူးပါတဲ့။ ကျွန်တော့်ကိုလည်း ကျွန်တော်ဖုန်းဆက်လို့ ရတာ အရမ်းကံကောင်းတယ်တဲ့။ အိမ်ဖုန်းတွေ တော်တော်များများလည်း ပျက်နေပြီ။ ကယ်ဆယ်ရေးနဲ့ လူမှုဝန်ထမ်းကိစ္စတွေ အတော် အရေးတကြီး လုပ်ဖို့လိုပါလိမ့်မယ်...

Subscribe to:
Posts (Atom)