Loading...

Saturday, June 28, 2008

Extract 3: Zero by Min Khite Soe San

နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...


Read More...

Extract 2: Zero by Min Khite Soe San

တစ်ဘဝစာ...
ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။
                                   (ဒီအပြင် ဘာမှမပိုခဲ့ပါဘူး။)

ကောင်မလေးရေ...
ငါဆိုတဲ့ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ...
                         ...လွမ်းတယ်


Read More...

Extract 1: Zero by Min Khite Soe San

ကြယ်တွေကို ခူး... ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ
ဒါပေမယ့်...
          အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
          နွေဦးရက်တွေ ရောက်တဲ့အထိတောင်
          မက်ခွင့်မရလိုက်ပါဘူး၊
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။


Read More...

Thursday, June 26, 2008

Gmail's Limitations for Sending Messages

သုံးရလွယ်တယ်... အဆင်ပြေတယ်... ပေါ့တယ်... ဆိုပေမယ့် Gmail မှာ ကန့်သတ်ချက်တွေ ရှိတာကို သင် သတိထားမိရဲ့လား။

ကန့်သတ်ချက် (၁)
တစ်ရက်ကို စာ အစောင် ၅၀၀ ပဲ ပို့လို့ရပါတယ်။ (Send ဆိုတဲ့ Button ကို အခေါက် ၅၀၀ ပဲ နှိပ်လို့ ရတဲ့ သဘောပေါ့။)

ကန့်သတ်ချက် (၂)
စာတစ်စောင်ကို တစ်ခါပို့ရင် လူ အယောက် ၅၀၀ ကိုပဲ ပို့လို့ရတယ်။

ကန့်သတ်ချက် (၃)
တစ်ရက်ကို Email ၂၀၀၀ ပဲ ပို့လို့ရပါတယ်။ (စာတစ်စောင်ကို လူ ၅၀၀ ကို ၄ ခေါက်ပို့လို့ရတဲ့ သဘောပါ။)

သင့်အနေနဲ့ စာတစ်စောင်ကို လူ ၅၀၀ ထက် ပိုပို့မိလျှင် သော်လည်းကောင်း၊ *ပေးပို့နိုင်ခြင်းမရှိမှု* (Undeliverable) တွေ အရမ်းများနေလျှင် သော်လည်းကောင်း Google က သင့် Email Account ကို ယာယီပိတ်လိုက် လိမ့်မယ်။

Outlook လို Email Client တွေ သုံးမယ်ဆိုရင်တော့ စာတစ်စောင်ကို ၁ ကြိမ်မှာ လူ ၁၀၀ ထက် ပိုပို့ လို့မရနိုင်ပြန်ဘူး။

ဒီလို ကန့်သတ်ချက်တွေ အားလုံးဟာ Spam တိုက်ဖျက်ရေးအတွက်ပဲလို့ Google က ပြောပါတယ်။


Read More...

Wednesday, June 04, 2008

Home. အိမ်။

ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်၊
ရံရွေလယ်၊ ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်၊
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်၊
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်၊

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ၊
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ၊
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ၊

ကလေးလေးတွေ နွေးထွေးဖို့လေ...
ကမ္ဘာမြေမှာ အိမ်တစ်အိမ် ဆောက်ကြမယ်လေ။
မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ...
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ...။

အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်၊
ကိုယ်တိုင်ငင် ၀ါချည်မျှင် ဖျင်တဘက်ရယ်...။
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက်ရယ်...။

ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်။
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်။
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်...။
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူ က မယ်။

(ကလေးလေးတွေ နွေးထွေးဖို့လေ...)

ရင်ခွင်မှာ ရှင်သန်ရာ မှီခိုရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်။
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ...
ဒဏ္ဍာရီရာဇ၀င်လို ၀ိဥာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်...။

တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့အိမ် ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်။

(ကလေးလေးတွေ နွေးထွေးဖို့လေ...) x ၂





Read More...