Loading...

Saturday, September 27, 2008

YouTube ကနေ Download လုပ်ရအောင်

Update: YouTube က ဘာလုပ်လိုက်လဲ မသိပါဘူး။ အခု Download လုပ်ရခက်နေတာ... တိုက်တိုက်ဆိုင်ဆိုင် ဒီ Software လေးက Update အသစ်ထွက်လာပြန်တယ်.. တော်တော်တော့မြန်ပါတယ်.. စိတ်ဝင်စားရင် စမ်းကြည့်ပါ။ ဒါပေမယ့် တစ်ခုသတိပေးချင်တာက ဒီ Tool က Stable တော့မဖြစ်ပါဘူး။ Hang သွားရင် Process သတ်ပစ်လိုက်ပါ။

YouTube က Video တချို့က အမှတ်တယ သိမ်းထားချင်စရာပါ။ ဒါမှမဟုတ် မြန်မာပြည်ပြန်ရင် လူကြီးမိဘတွေကို ပြချင်စရာလေးတွေ ရှိတတ်ပါတယ်။ အခု Download လုပ်လို့ကောင်းတဲ့ Tool လေးတစ်ခု မိတ်ဆက်ပေးချင်လို့ပါ။ YouTube Downloader လို့ ခေါ်ပါတယ်။ Download လုပ်ရုံတင်မကဘူး။ YouTube ကနေ ရလာတဲ့ FLV ကို MOV, MP4, AVI, WMV တို့ကိုပါ ပြောင်းလို့ရလို့ တော်တော်လေး သုံးလို့ ကောင်းပါတယ်။ လုပ်ရမှာကတော့



ကြည့်နေတဲ့ YouTube Video Link ကို Program ထဲ ကူးထည့်လိုက်ပါ။ (အမှန်က Ctrl+C နှိပ်လိုက်ရုံနဲ့ အလိုလိုယူသွားပါတယ်။) ပြီးရင် OK နှိပ်ရုံပါပဲ။ ခဏစောင့်ပါ။ Connection နဲ့ Video File ရှိနေတဲ့ Server ပေါ်မူတည်ပြီး အနှေးအမြန် ကွာပါလိမ့်မယ်။ (ကျွန်တော် အရင်တစ်ခေါက်ပြတဲ့နည်းက Link ကို တိုက်ရိုက်ယူတာမို့ Accelerate ပါ လုပ်လို့ရပါတယ်။ ဒီ Tool ကတော့ IE ကို ဖြတ်ပြီး ယူတာမို့ စိတ်အေးလက်အေးသာ စောင့်ပါ။ ကံကောင်းရင် မြန်ပါတယ်။)



Download လုပ်ပြီးပြီဆိုရင် ရလာတဲ့ FLV ကို File အမျိုးအစားပြောင်းဖို့ Convert Video ဆိုတာလေးကို ရွေးပြီး File အမျိုးအစားကို ရွေးပါ။ (MP3 ရွေးရင်တော့ အသံပဲ ပါလာလိမ့်မယ်။) ကျွန်တော်ကတော့ MP4 ကြိုက်ပါတယ်။ MP4 က FLV နဲ့ ယှဉ်လိုက်ရင် File Size တော့ ပိုကြီးပါတယ်။ ပြီးရင် ကိုယ်လိုချင်တဲ့ Quality ကို ရွေးပါ။ (Quality ကောင်းရင်တော့ File Size ကြီးမှာ သေချာပါတယ်။) Cut Video ကိုတော့ မစမ်းကြည့်ရသေးပါဘူး။ ဝါသနာပါရင် စမ်းကြည့်ကြပါ။ အသံကို Disable လုပ်လိုက်ရင်လည်း File Size လျော့သွားနိုင်ပါတယ်။ ပြီးရင် OK နှိပ်ပြီး စပြောင်းပါတော့။



ပြောင်းပြီးသွားပြီဆိုရင် File conversion successful ဆိုတဲ့ Message လေး ပေါ်လာပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။


Read More...

စင်္ကာပူရဲ (၂)

နံပါတ် ၂ တောင်ဖြစ်သွားပြီ။ အဟဲ။ (ကျွန်တော် အရင်ကလည်း စင်္ကာပူရဲ ဆိုပြီး တစ်ခေါက် ရေးဖြစ်ပါသေးတယ်။)

ဒီတစ်ခေါက်ကတော့ နည်းနည်းပိုဆန်းတယ်။ အဲ့ဒီတုန်းက ညဖက်ကြီးပါ။ မိုးတောင် တော်တော်ချုပ်နေပြီ။ ကျွန်တော့် သူငယ်ချင်း အထီးတစ်ယောက်၊ အစ်မတစ်ယောက်ရယ်၊ ကျွန်တော်ရယ် ပန်းခြံတစ်ခုထဲ ထိုင်ပြီး စကားတွေ ပြောနေကြတာ။ ပန်းခြံက လူနည်းနည်း ပြတ်တယ်။

နည်းနည်းလေး ကြာတော့… ကျွန်တော့်တို့နားကို အရပ်ဝတ်နဲ့ မိန်းမတစ်ယောက်ရယ်၊ ယောက်ျား သုံးယောက်လောက်ရယ် ရောက်လာပြီး သူတို့ ရဲတွေပါတဲ့။ Routine Check ပါ ဆိုပြီး ကျွန်တော်တို့ကို ဘယ်သူလဲ၊ ဘယ်ကလဲ မေးပါတယ်။

ကျွန်တော်တို့ လွယ်အိတ်တွေကို အရင် စစ်ပါတယ်။ နောက်.. ကျွန်တော်တို့ ဖုန်းတွေကို ထုတ်ခိုင်းပါတယ်။ ပြီးတော့ ဘယ်တုန်းက ဘယ်မှာဝယ်တာလဲ တဲ့။ ကျွန်တော်တို့လည်း ကြောင်တောင်တောင် ဖြစ်တာပေါ့။ ဒါပေမယ့် ခပ်တည်တည်ကြီးတွေနဲ့ စစ်မေးနေတာဆိုတော့ ကိုယ်လည်း အကျိုးသင့် အကြောင်းသင့် ပြန်ဖြေရတာပေါ့။

ကျွန်တော်လည်း ကျွန်တော့်ဖုန်းက ပြီးခဲ့တဲ့နှစ်က Plaza Singapura မှာ ဝယ်ထားတာပါပေါ့။ သူငယ်ချင်း နှစ်ယောက်ကလည်း ဖြေကြပါတယ်။ နောက်တော့ ကျွန်တော်တို့ ဖုန်းတွေရဲ့ Serial Number (IMEI) တွေကို ရေးမှတ်သွားပါတယ်။ ကျွန်တော်တို့ကို ဘယ်မှ မသွားခိုင်းသေးပဲ သူတို့ ခပ်လှမ်းလှမ်းမှာ Database နဲ့ ပြန်သွား Check ပုံရတယ်။

သူတို့ ထဲမှာ အမျိုးသမီးလုပ်တဲ့သူက ရာထူးကြီးပုံရတယ်။ သူလုပ်စရာရှိတာပဲ လုပ်နေတယ်။ နောက်ရဲတစ်ယောက်ကတော့ ကျွန်တော်တို့ ကျောင်းပြီးခါစတွေ မှန်းလဲသိနေတော့… “ဟာ အခု လုပ်နေတဲ့ ကွန်ပျူတာ ပြပွဲ မသွားကြဘူးလား” ဆိုတော့ ကျွန်တော်လည်း “ဘာမှ သိပ်စိတ်ဝင်စားစရာ မရှိဘူး လို့ ပြောနေကြလို့ မသွားဖြစ်တာပါ” ဆိုပြီး ပြန်ဖြေ…

ဖြေတော့ ဆရာသမားက “အေး.. External Harddisk တွေတော့ ဈေးချနေတယ်။ သွားကြည့်ကြပေါ့” တဲ့။ လူလိုသူလိုပဲ စကားပြောပါတယ်။

နောက်တော့မှ ဟိုအမျိုးသမီးက ရှင်းပြပါတယ်။ ဖုန်းခိုးတဲ့လူတွေ၊ သူခိုးလက်ခံဝယ်နေတဲ့ သူတွေအတွက် ပုံမှန် Routine Check ပါတဲ့။ ကိုယ့်ကို (မသင်္ကာလို့ပဲ ဖြစ်ပါစေ) Check ခံရတာ ဘယ်လိုမှ စိတ်ထဲ မခံစားရဘူး။

နောက်ပြီး “နင်တို့တွေ မိုးဒီလောက်ချုပ်နေပြီ။ ဘာလုပ်နေတာလဲ။ အိမ်ပြန်” ဆိုတာမျိုး လုံးဝ မပြောပါဘူး။ ကျွန်တော်တို့အနေနဲ့ ၂၄ နာရီ ဖွင့်တဲ့ Park တစ်ခုမှာ ဘာဥပဒေနဲ့မှ မညှိစွန်းရင် နေခွင့်ရှိနေတာကို သူတို့ဘက်က လက်ခံပါတယ်။ ဒါ့အပြင် သူတို့ကိုယ်တိုင် ၂၄ နာရီ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို တာဝန်ယူထားပေးသေးတယ်။

ကောင်းပါတယ်။ Singapore က အတော့်ကို တရားဥပဒေစိုးမိုးတာတော့ အမှန်ပါပဲ။


Read More...

Thursday, September 18, 2008

Myanmar Ebooks (မြန်မာဝတ္ထုများ)





ကျွန်တော် တင်ထားတဲ့ မြန်မာ Ebooks တချို့ပါ။ တာရာမင်းဝေ၊ မင်းခိုက်စိုးစန် နဲ့ မင်းလူ ရဲ့ ဝတ္ထုနည်းနည်း (နည်းနည်း) ပါ။


Read More...

Friday, September 12, 2008

ရာသီဥတုကို ဂရုစိုက်ကြမှာလား။



သူငယ်ချင်း Chris တင်ထားတဲ့ Video လေးကို ထပ် Share တာပါ။


Read More...

Sunday, September 07, 2008

When you leave,... : သင်သေသွားသော်

သြော်... လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

(ဇော်ဂျီ)

အိုးဝေမဂ္ဂဇင်း၊ အတွဲ-၅၊ အမှတ်-၁၊ ဒီဇင်ဘာ ၁၉၃၅။


Read More...