Loading...

Sunday, December 21, 2008

Myanmar TV Commercials

မြန်မာတီဗွီကြော်ငြာတချို့က အတော်ရယ်ရပါတယ်။ ပြောချင်ပေမယ့် ဒီအကြောင်းရေးဖို့ စဉ်းစားရပါသေးတယ်။ တော်ကြာ ကုန်ပစ္စည်းမကောင်းကြောင်း ပြောသလို ဖြစ်နေမှာစိုးလို့ပါ။ ဘာမှ မရည်ရွယ်ပါဘူး။ ကြော်ငြာရဲ့ ကိုးလို့ကန့်လန့်အဓိပ္ပါယ်လေးတွေက စိတ်ညစ်စရာ ကောင်းလို့ပါ။

ပထမတစ်ခုက အင်္ဂလိပ်ဆေးပါ။ ကြော်ငြာထဲမှာ ပြောလိုက်တဲ့ စာသားလေးက “(ဒီဆေး)သည် Stress ကိုလည်း ပျောက်ကင်းစေသည့် အပြင်” တဲ့။ Stress များ တကယ် ပျောက်ရင် သောက်ချင်ပါသေးတယ်။ ဆရာဝန်တချို့က အဲ့ဒီ စာကြောင်းကို သဘောမတူပါဘူး။ ဆေးကတော့ အားဆေးကောင်းတစ်ခုပါ... ကြော်ငြာတာကတော့ တမျိုးကြီးပဲ။

နောက်တစ်ခုကတော့ erm.. နာမည်ကြီး မြန်မာဆေးတစ်ခုပါ။ တကယ့် ဆေးစွမ်းကောင်းတွေ ထုတ်နေတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း သုံးနေရတာပါပဲ။ ဒါပေမယ့် သူကြေငြာတဲ့ပုံလေးက “ညီမလေး အဆိုတော် ဖြစ်ချင်လို့ အသံကောင်းအောင်လေ ဆေးစားနေတာ” တဲ့။ ကျွန်တော်လည်း အဲ့ဒီ့ ဆေးစားပြီး စီးရီးလေး လုပ်ရင် ကောင်းမလားလို့။ ကြော်ငြာက ခေတ်ဟောင်းလေးပါ။ အခုလည်း မလွှင့်တော့ပါဘူး။ အမှတ်တယပေါ့။

(ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒ မရှိပါခင်ဗျာ။)

လေးစားစွာဖြင့်
mgthantzin

Read More...

Wednesday, December 17, 2008

တိုးတက်ခြင်း by Charles Dickens

လူသားတစ်ဦးဟာ အခြားသူတွေကို အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် လုပ်မပေးဘဲနဲ့ ကိုယ့်ကိုကိုယ် တကယ်တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူး။
ဟုတ်ပါတယ်။ လက်ခံတယ်။
ဘာမှမဆိုင်ဘူး။
Whatever...
pollcode.com free polls


Read More...