အားပေးခြင်း
Singapore Poly မှာ ကျောင်းတက်တုန်း… ဒုတိယနှစ်မှာ… (နည်းနည်းအလေလိုက်တာ များသွားလို့နဲ့ တူတယ်) Test တစ်ခုမှာ… အမှတ်တော်တော်နည်းသွားတယ်။ တခါမှ အဲ့လောက်မနည်းဘူးတော့ အတော်လေး စိတ်ဓာတ်ကျသွားတယ်။ ဒီမှာက တစ်ဘာသာအမှတ်နည်းရင် အားလုံးလိုက်နည်းပြီး ကျောင်းသုံးနှစ်ပြီးတဲ့ အချိန်အထိ လိုက်ဒုက္ခပေးနိုင်တော့ တော်တော် စိတ်ဓာတ်ကျသွားတယ်။
အဲ့တာနဲ့ စိတ်ညစ်ညစ်ရှိတာနဲ့ ကိုယ်နဲ့ Field တူတဲ့ အစ်ကိုတစ်ယောက်ကို (ရင်ဖွင့်ရင်း) တိုင်ပင်ကြည့်မိတယ်။ သူက Programming အတော်ထူးချွန်တဲ့ သူပါ။ အထင်ကရ တက္ကသိုလ်တစ်ခုက ဘွဲ့လည်းရပြီးသားပါ။ လုပ်ငန်းအတွေ့အကြုံလည်း အတော်ကောင်းနေသူပါ။ တိတိကျကျပြောရရင်တော့ ကျွန်တော် အားကျလေးစားရသူ တစ်ယောက်ပေါ့… သူကျွန်တော့်ကို ပြောတာက-
“ညီ… အစ်ကိုတစ်ခုပြောမယ်… အစ်ကို Poly Life မှာ စာမေးပွဲကျဖူးတယ်။”…။ ကျွန်တော် လုံးဝကို မမျှော်လင့်ထားတဲ့… စကားပါ။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ကျွန်တော် စိတ်နည်းနည်းလေး ပေါ့သွားတယ်။ ပြန်ကြိုးစားရင် ရနိုင်တယ်ဆိုတဲ့ စိတ် ချက်ချင်း ပြန်ဝင်လာတယ်။ အမှန်တကယ်ကို Right Word at the Right Time ပါ။ (သူ အမှန်ကို ပြောတာလားတော့ ကျွန်တော် မသေချာပါဘူး။) ဒါပေမယ့် အဲ့ဒီ အားပေးစကားအတွက် ကျွန်တော် အခုအချိန်ထိ ကျေးဇူးတင်နေတုန်းပါ။

2 remarks:
ဒီလိုသာ အမှတ်နည်းတိုင်း စိတ်ဓါတ်ကျကြေးဆို Steve Jobs တို့ Bill Gates တို့လို ကျောင်းက အပြီးထွက်လိုက်တဲ့ သူတွေ အတွက် ကမ္ဘာကျော် တစ်သက်လုံး ဖြစ်မလာနိုင်တော့တာ အမှန်ပါ။ “အမှတ်” က အဓိကအဟုတ်ပါဘူး .. “အတတ်” က အဓိကပါ။ တတ်နေရင် ဘာမဆိုဖြစ်တယ်။
မှန်ပါ့ဗျာ။ :)
Post a Comment