Loading...

Wednesday, April 29, 2009

Stereotype Thinking

ဟိုတလောက မြန်မာဗွီဒီယိုတစ်ခု ကြည့်ဖြစ်တယ်။ အဲ့ဒီမှာ မင်းသားက “ရုပ်ရှင်ထဲက အဆိုတော်” ရဲ့ ဆွဲကြိုးကို သူ့ကောင်မလေးက ပူဆာလို့ ရအောင် ဆောင်ကြဉ်းပေးဖို့ ကြိုးစားတဲ့ အခန်း။…

သူက အဲဒီ့ အဆိုတော် လာမယ့်လမ်းမှာ ဆွဲကြိုးပစ်ချ၊ နောက်တော့ သူပဲ ကောက်ရတဲ့ ပုံစံလုပ်။ နှစ်ယောက်အတူတွေ့တာမို့… တစ်ယောက်တစ်ဝက် ခွဲမယ်ပြော။ ကောက်ရတဲ့ဆွဲကြိုးကို အဆိုတော်ကို ပေးပြီး… အဆိုတော်ရဲ့ ဆွဲကြိုးကို တစ်ဝက်တန်ဖိုးအဖြစ်နဲ့ တောင်းဖို့ ကြံစည်တယ်ပေါ့…။


အဲ့ဒီမှာ အဆိုတော်ပြန်ပြောတဲ့ စကားက အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူပြောတာက-

“ဒါမျိုး လိမ်ပုံလိမ်နည်း ရိုးနေပြီ။ ခင်ဗျားလုပ်ချင်ရင် တောမှာသွားလုပ်…”။ မှန်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေ ပြောလေ့ပြောထ ရှိတဲ့စကားမျိုးပါ။ ဒါပေမယ့် မြို့လေးတွေ၊ ကျေးလက်တွေမှာ နေသူတွေကို Steretype Thinking လုပ်သလို ဖြစ်နေတယ်လို့ ခံစားရပါတယ်။ Discrimination တစ်ခုလိုမျိုး ဖြစ်နေတယ်။ တကယ်သာ အဲ့ဒီယူဆချက် မှန်တယ်ဆိုရင်… အမြင်ကျဉ်းမြောင်းမှု တစ်ခုဖြစ်သွားပါပြီ။ (ပြောစကားအပေါ်မှာ သုံးသပ်နေတာပါ။ ဘယ်သူ့ကိုမှ personally ဝေဖန်နေတာ မဟုတ်ပါဘူး။)

ကိန်းဂဏန်းတွေ၊ အချက်အလက်တွေနဲ့ ပြောစကားတစ်ခုကို ယုတ္တိဗေဒအရ မှန်ကြောင်း သက်သေပြလို့ ရတယ်။ ဒါပေမယ့် မှန်တဲ့ စကားတိုင်း ပြောဖို့ သင့်တာ မဟုတ်လို့… ကျွန်တော်တို့ သေသေချာချာ တွေးဖို့လိုမယ်လို့ ထင်မိပါကြောင်း…။

လေးစားခြင်းဖြင့်-
mgthantzin

0 remarks:

Post a Comment